Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ထက်မနည်းသေဟု KNDF ထုတ်ပြန်

စခန်းနယ်မြေရှင်းလင်းစဥ်တွင်လည်းမိုးဗြဲမြို့ အခြေစိုက် ခမရ – ၄၂၂ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဒေသ ၁၀ရက်ကြာတိုက်ပွဲတွင် စစ်ကောင် စီတပ်မှ ၃၀ ထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ် ရင်း – ၃က ယနေ့ (မေ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ထို့အပြင် ယနေ့ နံနက်၄ နာရီ မိနစ် ၂၀ခန့်တွင် ဆီးမီးလော့ရွာအောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ သွား ရောက်ရှင်းလင်းခဲ့ကြောင်း အသိပေးသည်။

စခန်းချနေသောစစ်သားများ ပြန်လည်ဆုတ်ခွာသွားသော်လည်း မှိုင်းထောင်ထားခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖယ်ရှားကာ ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

စခန်းနယ်မြေရှင်းလင်းစဥ်တွင်လည်းမိုးဗြဲမြို့ အခြေစိုက် ခမရ – ၄၂၂ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ညောင်ရွှေမြို့နယ်၊ထီရိကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယခုလ ၁၂ ရက်က ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်
ကသာလွန်အင်အားဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင်စစ် ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းနှင့် မေလ ၁၅ ရက်တွင် စတင်ထိတွေ့မှုဖြစ်ပွားပြီးနောက် နေ့စဥ် တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။

တိုက်ပွဲအတွင်း KNDF တပ်ရင်း ၃ မှ ရဲဘော်တစ် ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံးခဲ့ကာ (၁၀၀၈)တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း -၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ် ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။