Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘာမှာနေရပ်စွန့်ခွာတိမ်းရှောင်ရသူဒုက္ခသည် သန်း ၁၀၀ အထိရှိလာ၊ မြန်မာမှာ ဒုက္ခသည် ၁သန်း နီးပါး ရှိပြီ

မြန်မာမှာတော့ စစ်တပ်အာဏာပြီးနောက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ၆ သိန်းနီးပါးရှိလာတယ်လို့သိရပါတယ်။ အာဏာမသိမ်းခင်က လူဦးရေ ၃ သိန်းခွဲကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတာကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ စုစုပေါင်း ၁ သန်းနီးပါးကပ်လာပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့စစ်ကိုင်းတိုင်းအတွင်း ပြည်သူလူထု

ကမ္ဘာတလွှား အိုးအိမ်စွန့်ခွာပြီး နေရပ်ကနေ တိမ်းရှောင်ရတဲ့ ဒုက္ခသည်ဦးရေဟာ စံချိန်တင်အဖြစ် သန်း ၁၀၀ အထိရှိလာတယ်လို့ကုလသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းကအသိပေးထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်အထိ နေရပ်စွန့်ခွာဒုက္ခသည်ဟာ သန်း ၉၀ အထိ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်ရောက်လာချိန် မှာတော့ ရုရှား − ယူကရိန်း စစ်ပွဲကြောင်း လူ ၁၄ သန်းလောက် ဒုက္ခသည်ထပ်တိုးလာတာပါ။

ဒုက္ခသည်အရေအတွက်မှာ မြန်မာ ၊အာဖဂန်နစ္စတန် ၊ ကွန်ဂို ၊ အီသီယိုးပီးယား ၊နိုင်ဂျီးရီးယားနဲ့ ဘာကီနာဖာဆို နိုင်ငံတွေက ပါဝင်ကြပါတယ်။

Public Service Announcement

မြန်မာမှာတော့ စစ်တပ်အာဏာပြီးနောက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ၆ သိန်းနီးပါးရှိလာတယ်လို့သိရပါတယ်။ အာဏာမသိမ်းခင်က လူဦးရေ ၃ သိန်းခွဲကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတာကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ စုစုပေါင်း ၁ သန်းနီးပါးကပ်လာပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုအပြင်စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား ၅၄ သန်းအနက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ကြုံနေရပြီး ၁၄ သန်းကျော်ဟာ အကူအညီအထောက်အပံ့လိုအပ်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတွင်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးအပ်ရာမှာ အတားအဆီးမရှိ ပေးအပ်နိုင်ဖို့အတွက်အမေရိကန်ဦးဆောင်ပြီး တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက် ဖြိုခွင်းမှုတွေ စတင်ခဲ့ချိန် ကတည်းက သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင် ကော့စ်ဘဇားနဲ့ တခြား ဒုက္ခသည် စခန်းတွေဆီ အလုံးအရင်း လာရောက် ခိုလှုံနေပါတယ်။

သတင်း

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။