Connect with us

Hi, what are you looking for?

News

ကမ္ဘာမှာနေရပ်စွန့်ခွာတိမ်းရှောင်ရသူဒုက္ခသည် သန်း ၁၀၀ အထိရှိလာ၊ မြန်မာမှာ ဒုက္ခသည် ၁သန်း နီးပါး ရှိပြီ

မြန်မာမှာတော့ စစ်တပ်အာဏာပြီးနောက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ၆ သိန်းနီးပါးရှိလာတယ်လို့သိရပါတယ်။ အာဏာမသိမ်းခင်က လူဦးရေ ၃ သိန်းခွဲကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတာကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ စုစုပေါင်း ၁ သန်းနီးပါးကပ်လာပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့စစ်ကိုင်းတိုင်းအတွင်း ပြည်သူလူထု

ကမ္ဘာတလွှား အိုးအိမ်စွန့်ခွာပြီး နေရပ်ကနေ တိမ်းရှောင်ရတဲ့ ဒုက္ခသည်ဦးရေဟာ စံချိန်တင်အဖြစ် သန်း ၁၀၀ အထိရှိလာတယ်လို့ကုလသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းကအသိပေးထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်အထိ နေရပ်စွန့်ခွာဒုက္ခသည်ဟာ သန်း ၉၀ အထိ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်ရောက်လာချိန် မှာတော့ ရုရှား − ယူကရိန်း စစ်ပွဲကြောင်း လူ ၁၄ သန်းလောက် ဒုက္ခသည်ထပ်တိုးလာတာပါ။

ဒုက္ခသည်အရေအတွက်မှာ မြန်မာ ၊အာဖဂန်နစ္စတန် ၊ ကွန်ဂို ၊ အီသီယိုးပီးယား ၊နိုင်ဂျီးရီးယားနဲ့ ဘာကီနာဖာဆို နိုင်ငံတွေက ပါဝင်ကြပါတယ်။

Public Service Announcement

မြန်မာမှာတော့ စစ်တပ်အာဏာပြီးနောက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ၆ သိန်းနီးပါးရှိလာတယ်လို့သိရပါတယ်။ အာဏာမသိမ်းခင်က လူဦးရေ ၃ သိန်းခွဲကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတာကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ စုစုပေါင်း ၁ သန်းနီးပါးကပ်လာပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုအပြင်စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား ၅၄ သန်းအနက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ကြုံနေရပြီး ၁၄ သန်းကျော်ဟာ အကူအညီအထောက်အပံ့လိုအပ်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတွင်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးအပ်ရာမှာ အတားအဆီးမရှိ ပေးအပ်နိုင်ဖို့အတွက်အမေရိကန်ဦးဆောင်ပြီး တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဒုက္ခသည်အဖြစ် ဝင်ရောက် အခြေချခွင့် ရသူတွေကို ပြန်လည် သုံးသပ် စစ်ဆေးဖို့ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားထားပါတယ်။

သတင်း

ဇွန်လအတွင်းက မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၁.၈သန်းကျော်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR အစီရင်ခံစာထုတ်ပြန်ထားသည်။

နိုင်ငံတကာ

အစ္စရေးဟာ ဂါဇာစစ်ပွဲတလျှောက် အရပ်သားထူထပ်ရာ ဧရိယာတွေမှာ အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်က အခုလိုမျိုး ကြားဝင်ပြီး အကြံပြု တိုက်တွန်းတာမျိုး ဖြစ်လေ့မရှိပါဘူး။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။