Connect with us

Hi, what are you looking for?

News

လက်နက်ရိက္ခာတင်စစ်သင်္ဘော ၃စီးကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရာ ၁စီးပျက်စီးဟုမြို့လှ PDFထုတ်ပြန်

စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော ၃ စီးသည် ယနေ့မေလ ၂၅ရက် နေ့လည်ပိုင်းတွင် ကသာဆိပ်ကမ်းမှ စတင်ထွက်ခွာလာရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြား၌ ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်​ကောင်စီသင်္ဘောတစ်စင်း ။ ဓါတ်ပုံ-မြို့လှPDF)

●သင်္ဘောလုံခြုံရေးစစ်ကြောင်းနှင့်လည်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကသာမြို့မှ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်စစ်သင်္ဘော ၃ စီးအား ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော ၃ စီးသည် ယနေ့မေလ ၂၅ရက် နေ့လည်ပိုင်းတွင် ကသာဆိပ်ကမ်းမှ စတင်ထွက်ခွာလာရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြား၌ ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ရှော့တိုက်ဒုန်း ၂ လုံး၊ H-22 မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီသင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကျေးရွာအနီး လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားပြီး သင်္ဘော ၁စီး ကိုလည်း လက်နက်ထိမှန်ရာ စက်ချို့ယွင်းသွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သင်္ဘောကို ကျန်သင်္ဘောဖြင့်တွဲကာ မိုးတားလေးဆိပ်ကမ်း၌ ဆိုက်ကပ်ထားရကြောင်း ထုတ်ပြန်သည်။

ယနေ့မနက်ကလည်း စစ်ကောင်စီသင်္ဘောလုံခြုံရေးအတွက်မြစ်ကမ်းတစ်လျှောက်ခြေလျှင်စစ်ကြောင်းထိုးလာသော စကစအင်အားတစ်ရာကျော်ခန့်ကိုကသာ- အထက်ဘက် မိုးတားလေး မြေနုရွာအနီးအရောက်တွင်ဒေသကာကွယ်ရေး တပ်များနှင့်နာရီဝက်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်မှ ထိခိုက်မှု ရှိနိုင်သည်ဟု ဖော်ပြထားသည်။ ဒေသကာကွယ်ရေးတပ်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။