Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး ထားတဲ့လုပ်ရပ်အပေါ် ကုလထံ ဆွေမျိုးတွေ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် ကို မတရားအမှုဆင် ဖမ်းဆီးထားတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေမျိုးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ သတင်းမှာဖော်ပြထားတာမတွေ့ရပါဘူး။

အာဏာသိမ်းစစ်အုပ်စု က အမှုပေါင်းများစွာနဲ့ ပုဒ်မတပ်ပြီး မတရားဖမ်းဆီးတရားစွဲခံထားရတဲ့အခြေအနေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေမျိုးတွေက ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ထံ တိုင်ကြားလိုက်တယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို မတရားအမှုဆင် ဖမ်းဆီးထားတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေမျိုးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ သတင်းမှာဖော်ပြထားတာမတွေ့ရပါဘူး။

ဒီနေ့ မေလ ၂၅ ရက်မှာ တိုင်ကြားလိုက်တာဖြစ်ပြီး တိုင်ကြားလိုက်တဲ့အဖွဲ့အစည်းဟာ တရားလက်လွတ်ဖမ်းဆီးမှုတွေအပေါ် စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂအဖွဲ့( UN Working Group on Arbitrary Detention ) ဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်မှာဆိုရင် တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ထားမှုတွေကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံညွှန်းတွေ ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ စုံစမ်းစစ်ဆေးခွင့်ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် ကို အာဏာသိမ်းစစ်အုပ်စုဟာ ထောင်ဒဏ် နှစ်ရှည်ချလို့ရအောင် ဒါဇင်နဲ့ချီတဲ့အမှုတွေ နဲ့ တရားစွဲဆိုထားပါတယ်။ အဲဒီအမှုတွေရဲ့ ပြဌာန်းထားတဲ့ပြစ်ဒဏ်အရ ဆို ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချလို့ရတာတွေ့ရပါတယ်။

မနေ့ကတင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၄ ခုနဲ့စွဲချက်တင်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။