Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်

သတိပေးမေတ္တာရပ်ခံချက်သည် နောက်တစ်ကြိမ် သတင်းမထုတ်မပြန်မချင်း သက်ရောက်နေမည်ဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ပြောသည်။

(စစ်ကိုင်းတိုင်း၊ မန္တလေး - မုံရွာလမ်းပိုင်းတွင် ယခင်လပိုင်းအတွင်းက လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ယာဥ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်သည် ဒေသခံများ၏ကားများကို အသုံးပြုကာသွားလာနေသောကြောင့် မြိုင် – ပခုက္ကူလမ်းအား အရေးကြီးကိစ္စများမှလွဲ၍ သွားလာခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် အရေးကြီးသွားလာရန်လိုအပ်ပါက ဆိုင်ရာအဖွဲ့များသို့ အကြောင်းကြားသွားလာကြပါရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

သတိပေးမေတ္တာရပ်ခံချက်သည် နောက်တစ်ကြိမ် သတင်းမထုတ်မပြန်မချင်း သက်ရောက်နေမည်ဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

ထို့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်လမ်းပေါ်တွင် ယနေ့(မေလ ၂၆ ရက်) နံနက် ၉နာရီမှစ၍ ခေတ္တာယာယီပိတ်ထားကြောင်း ဒေသတွင်းမြို့ပြပြောက်ကျားအဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

လမ်းပိတ်ရခြင်းမှာ မိုင်းများမတော်တဆ ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်၍ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိလမ်းပိုင်းအားလုံးလည်း ယာယီပိတ်လိုက်ကြောင်း ခင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပြန်လည်သွားလာရန် ပြန်လည်ခွင့်ပြုပေးမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ၎င်းအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။