Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အမြင့်လမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း Lightning People Defence က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာသို့ မေလ၂၄ရက် နံနက်၁၀ နာရီကတည်းက အင်အား၄၀ ခန့် ဖြင့်ရောက်ရှိနေပြီး နှစ်ရက်ကြာ တပ်စွဲခဲ့သည်။

ယနေ့(မေလ၂၆)နံနက်၁၀ နာရီခန့်တွင် ထိုစစ်ကောင်စီတပ်များ မုံရွာဘက်သို့အပြန် မဟာမိတ် ၁၀ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း ကျဆုံးကြောင်း Lightning People Defence Forceက ပြောသည်။

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ မိုင်းရှင်းလင်းရေးအဖွဲ့သည် ထနောင်းတောမြောက်ရွာနှင့် ရွှေစုံရွာကြားတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြည်သူတစ်ဦးပစ်သတ်ခံရကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

“မိုင်းခွဲတိုက်ခိုက်သံကိုကြား၍ လမ်းသွားလာသူပြည်သူတစ်ဦးက နောက်ကိုပြန်လှည့်စဥ် စစ်ကားများမှ ၄င်းကိုမှီလာပြီး ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားပါတယ်။”ဟု မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

အဆိုပါစစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း(၃) မှ ညီနောင်မဟာမိတ်များဖြစ်သည့် Lightning People Defence Force၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Chaung U Local Defence Force တို့မှ ဦးဆောင်ပြီးMonywa Peregrine PDF ၊ Black Wolf Defence force ၊ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊ Farmers Revolution Force CHU ၊ Black Eagle People’s Defence Force ၊ Monywa Brave Hearts MBH ၊Dragon Brother’s PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

မုံရွာမြို့ပေါ်တွင်လည်း မြို့ပြပြောက်ကျားအဖွဲ့များက အနက်ရောင်စစ်ဆင်ရေးအဖြစ် မြို့တွင်းဖောက်ခွဲမှုနှင့် တိုက်ခို​က်မှုများ ​ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။