Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် စစ်​ကောင်စီကိုအဓိကတိုက်နေ​သော ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေး

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူများနှင့်ပူး​ပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။

(ကုလလုံခြုံ​ရေး​ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် စစ်​ကောင်စီကိုအဓိကတိုက်​နေ​သော ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအလွတ်သ​​​​ဘော​ဆွေး​နွေးစဥ်။ ။ဓါတ်ပုံ-KPICT)

●စစ်တပ်ဝင်ငွေလမ်းကြောင်းဖြတ်တောက်ရေးအပါအဝင် အရေးကြီးအ​ကြောင်းအရာ​လေးခုဆွေးနွေးခဲ့ဟု KPICT အသိပေး

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ကရင်၊ ကချင်၊ ကရင်နီနှင့် ချင်းလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မေလ ၂၅ရက်က တွေ့ဆုံ၍ မြန်မာနိုင်ငံအရေးကိစ္စများအပေါ် အလွတ်သ​ဘော ဆွေးနွေးခဲ့သည်။

Norway Mission အစီအစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲသို့ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် ကချင်နိုင်ငံရေးအင်အားစုများဖြင့်ဖွဲ့စည်းထားသည့် ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရေးအဖွဲ့(KPICT)အတွင်းရေးမှူး Salang Nsang Gum San အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကရင်နီ ကိုယ်စားလှယ် တို့ တက်ရောက်သည်ကို KPICTက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ တွေ့ရသည်။

(ကုလလုံခြုံ​ရေး​ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် စစ်​ကောင်စီကိုအဓိကတိုက်​နေ​သော ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအလွတ်သ​​​​ဘော​ဆွေး​နွေးစဥ်။ ။ဓါတ်ပုံ-KPICT)

အဆိုပါ ဆွေးနွေးပွဲတွင် အဓိကတင်ပြခဲ့သောအချက်များမှာ(၁) စစ်တပ်၏ အဓိကငွေကြေးထောက်တိုင်ကြီးတစ်ရပ်ဖြစ်သည့် ရေနံလုပ်ငန်းမှ ဝင်ငွေလမ်းကြောင်းများအား ဖြတ်တောက်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ (၂)ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးရန် အလွန်အရေးကြီးကြောင်း၊ (၃) လိုအပ်သော လူသားချင်းစာနာကူညီရေး အထောက်အပံ့များအားအိမ်နီးချင်းနိုင်ငံတို့၏ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူပို့ဆောင်နိုင်ရာတွင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နှင့် (၄) အာဆီယံနိုင်ငံတို့မှပူးပေါင်းဆွေးနွေးရန်လမ်းစဉ်အကောင်အထည်ဖော်ရေး တိုက်တွန်းနေခြင်းမှာ ငြိမ်းခါနီးသည့်မီးတောက်အား၊ အသက်ပြန်သွင်းသည့်အသွင် မဖြစ်စေရန် အရေးကြီးကြောင်း အချက် များဖြစ်သည်ဟု KPICTက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ကုလလုံခြုံ​ရေး​ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် စစ်​ကောင်စီကိုအဓိကတိုက်​နေ​သော ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအလွတ်သ​​​​ဘော​ဆွေး​နွေးစဥ်။ ။ဓါတ်ပုံ-KPICT)

အဆိုပါ အချက်များအပြင် အခြားအရေးကြီး ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်းအသေးစိတ်ဖော်ပြမထားပေ။

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူများနှင့်ပူး​ပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။