Connect with us

Hi, what are you looking for?

သတင်း

စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များစနစ်တကျ ကောက်ခံတော့မည်ဟု မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

၂၀၂၁ စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံတော့မည်ဟု ကြေညာခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ စနစ်တကျ ကောက်ခံတော့မည်ဟု မုံရွာမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေ ၂၇ရက်) ထုတ်ပြန်သည်။

“မုံရွာမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်း အရပ်ရပ်အပေါ်မှာ စနစ်တကျနဲ့ အခွန်ကောက်ခံသွားပါမယ်။ လုံခြုံရေးကို မထိခိုက်စေပဲ အခွန်ကောက်ခံနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း တက်တက်ကြွကြွပူးပေါင်းပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုက ရွေးထားတဲ့ အစိုးရဖြစ်တာမို့ ဥပဒေနဲ့အညီ မဖြစ်မနေ အခွန် ထမ်းဆောင်ရမယ့် တာဝန်ရှိတယ်ဆိုတာကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေကို အသိပေးလိုပါတယ်”ဟု မုံရွာမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

၂၀၂၁ စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံတော့မည်ဟု ကြေညာခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် NUG ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မုံရွာမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းအရပ်ရပ်တို့အပေါ် ယခုနှစ် ဇွန်လ ၁ ရက်ကစ၍ အခွန်များ စနစ်တကျကောက်ခံသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ကောက်ခံရရှိလာသည့် အခွန်ဘဏ္ဍာငွေများကို NUG က ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်များနှင့် အညီထိရောက်စွာ သုံးစွဲမည်ဟု ဆိုသည်။

အလားတူ မုံရွာမြို့နယ်အတွင်းရှိစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အခွန်ဆောင်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook