Connect with us

Hi, what are you looking for?

သတင်း

စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များစနစ်တကျ ကောက်ခံတော့မည်ဟု မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

၂၀၂၁ စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံတော့မည်ဟု ကြေညာခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ စနစ်တကျ ကောက်ခံတော့မည်ဟု မုံရွာမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေ ၂၇ရက်) ထုတ်ပြန်သည်။

“မုံရွာမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်း အရပ်ရပ်အပေါ်မှာ စနစ်တကျနဲ့ အခွန်ကောက်ခံသွားပါမယ်။ လုံခြုံရေးကို မထိခိုက်စေပဲ အခွန်ကောက်ခံနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း တက်တက်ကြွကြွပူးပေါင်းပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုက ရွေးထားတဲ့ အစိုးရဖြစ်တာမို့ ဥပဒေနဲ့အညီ မဖြစ်မနေ အခွန် ထမ်းဆောင်ရမယ့် တာဝန်ရှိတယ်ဆိုတာကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေကို အသိပေးလိုပါတယ်”ဟု မုံရွာမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

၂၀၂၁ စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံတော့မည်ဟု ကြေညာခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် NUG ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မုံရွာမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းအရပ်ရပ်တို့အပေါ် ယခုနှစ် ဇွန်လ ၁ ရက်ကစ၍ အခွန်များ စနစ်တကျကောက်ခံသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ကောက်ခံရရှိလာသည့် အခွန်ဘဏ္ဍာငွေများကို NUG က ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်များနှင့် အညီထိရောက်စွာ သုံးစွဲမည်ဟု ဆိုသည်။

အလားတူ မုံရွာမြို့နယ်အတွင်းရှိစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အခွန်ဆောင်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချောင်းဦးမြို့တွင် ဒီဇင်ဘာ ၂၄ရက် ညပိုင်းကလည်း မြို့တွင်းကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဥ် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုအချို့ရှိ​နေပြီး စစ်အုပ်စုထိခိုက်မှုများရှိခဲ့သည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀မမ နှစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

သတင်း

တိုက်ခိုက်မှုကို BRAVE HEART ARMY -BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။