Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်ရှိ ယာယီစစ်ရှောင်စခန်းသွားရာလမ်း စစ်ကောင်စီ ပိတ်ဆို့ထား၍ စစ်ဘေးရှောင်ပြည်သူလေးသောင်းကျော်အတွက် စားနပ်ရိက္ခာသယ်ယူရေး အခက်ကြုံနေ

ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿနာဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

(ကလေးမြို့နယ်ရှိ ‌ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်ရန် ထွက်ခွာနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ယာယီစစ်ဘေးရှောင်စခန်းသို့ သွားရာလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထား၍ စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အတွက် စားနပ်ရိက္ခာသယ်ယူရေး အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့နယ်ရှိ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွကျေးရွာအပါအဝင် ကျေးရွာ ၁၆ရွာမှ ဒေသခံ လေးသောင်းကျော်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရခြင်းဟု ဒေသခံများကပြောသည်။

“ယာယီစစ်ရှောင်စခန်းပတ်ချာလည် လမ်းတွေမှာ သူတို့(စစ်ကောင်စီ)က ပိတ်ပြီး ထားတော့ ကြံဖန်ပြီး သွားလာနေရတယ်။ သူများက လှူမယ်ဆိုရင်တောင် ပစ္စည်းသယ်ဖို့ တော်တော် အခက်အခဲ ရှိတယ်”ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿနာဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်နေရတာက စုစုပေါင်း လေးသောင်းခွဲကျော်ပြီ။ ရွာကို ပြန်ဖို့လည်း မရဲကြတော့ ယာယီစစ်ရှောင်စခန်းမှာ ကျပ်ကျပ်တည်းတည်း နေကြရတယ်”ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

စစ်ကောင်စီအား ခုခံတော်လှန်စစ်အားကောင်းသည့် ကလေးဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ အထက်ဖော်ပြပါ စစ်ဘေးရှောင် လေးသောင်းကျော်သည် ၂၀၂၁ ဒီဇင်ဘာကစ၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူများဖြစ်သည်။

ယာယီစစ်ဘေးရှောင်စခန်းအများစုတွင် စားဝတ်နေရေး ပြဿနာများ ရင်ဆိုင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု ကာယကံရှင်စစ်ဘေးရှောင်များက ပြောသည်။ မေလဆန်းပိုင်းက ဖြစ်ရပ်တစ်ခုတွင် လေပြင်းဘေးကြုံခဲ့ပြီး စစ်ဘေးရှောင်ကလေးငယ်တစ်ဦး သစ်ကိုင်းမိသေဆုံးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ၏ စားနပ်ရိက္ခာအရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို ရည်ရွယ်ချက်ရှ်ိရှိ ပိတ်ပင်နေပြီး မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းထားသမျှ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလုံးဝရရှိမှာ မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောကြားထားသည်။

မေ ၁၉ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေး – ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။