Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တညတည်း လုယက်မှု ၂ ကြိမ် ဖြစ်ပွားကာ လုယက်ခံရသူအမျိုးသား ဓားထိုးခံရလို့သေဆုံး

ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေ ဓားနဲ့ခုတ်ခံရလို့ ဒဏ်ရာရသွားသလို ဆိုင်ကယ်လည်းလုခံလိုက်ရတယ်လို့သိရပါတယ်။

မန္တလေးလုယက်မှု

မနေ့က မေလ ၂၆ ရက် ညပိုင်း မန္တလေးမှာ လုယက်မှု ၂ မှု နာရီပိုင်းအတွင်းဖြစ်ပွားခဲ့ပြီး လုယက်ခံရသူအမျိုးသားတစ်ဦးဓားထိုးခံရလို့ သေဆုံးသွားပါတယ်။

အဲဒီလုယက်မှု တွေဟာ မနေ့က ညပိုင်း ၇ နာရီခန့်နဲ့ ည ၁၀ ခန့်တွေမှာ မဟာအောင်မြေမြို့နယ် နဲ့၊ ချမ်းအေးသာစံမြို့နယ်တွေအတွင်းဖြစ်ပွားခဲ့တာပါ။

ချမ်းအေးသာစံမြို့နယ်ဖြစ်စဉ်ကတော့ သင်္ဂဇာချောင်းကန် ပတ်လမ်း ၊သကြားစက်အနီးမှာ အမျိုးသားနဲ့အမျိုးသမီးလုယက်ခံရတာဖြစ်ပြီး ဆိုင်ကယ်အပြင် ဖုန်းပါလုယက်ခံရတယ်လို့သိရပါတယ်။ ဒါအပြင်အမျိုးသားကို ဓားနဲ့ထိုးသွားလို့ ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ဆုံးပါးသွားပါတယ်။

မန္တလေးလုယက်မှု

နောက်အမှုကတော့ မဟာအောင်မြေ မြို့နယ် ၊သိပ္ပွံလမ်း နဲ့၆၉ လမ်းထောင့်မှာ အမျိုးသား ၃ ဦး စီးလာတဲ့ ဆိုင်ကယ်ကို ဓားနဲ့ခုတ်ပြီး လုယက်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေ ဓားနဲ့ခုတ်ခံရလို့ ဒဏ်ရာရသွားသလို ဆိုင်ကယ်လည်းလုခံလိုက်ရတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ ရာဇဝတ်မှုတွေထူပြောလာသလို လုယက်တာတွေလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။