Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်သတ်ဖြတ်မှုနှင့် စစ်ဘေးရှောင်နေစဥ် ဆေးဝါးနှင့်စားနပ်ရိက္ခာမလုံလောက်၍ သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၂၆၃ ဦးထက်မနည်းရှိနေ

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

(ရေသန့်နှင့် ဆေးဝါးရှားပါးမှုကြောင့် ယခုလ ၂၆ ရက်က ဆုံးပါးသွားခဲ့သော ဒီးမော့ဆို မြို့နယ်စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ သတ်ဖြတ်ခံရမှုနှင့်စစ်ဘေးရှောင်နေစဥ် ဆေးဝါးနှင့် စားနပ်ရိက္ခာမလုံလောက်၍ ကရင်နီပြည်နယ်၌ သေဆုံးခဲ့ရသော အရပ်သားပြည်သူ ၂၆၃ဦးထက်မနည်းရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှုအရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့( မေလ ၂၈ရက်)အထိဖြစ်ပြီး လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဖယ်ခုံနှင့် ဘောလခဲမြို့နယ်မှ ဒေသခံများ ဖြစ်သည်။

စစ်ကောင်စီ၏ အကြောင်းမဲ့သတ်ဖြတ်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူစာရင်းအရ ဒီးမော့ဆိုမြို့နယ်တွင် ၈၃ဦး၊လွိုင်ကော် ၇၄ဦး၊ ဖရူဆို ၄၆ဦး၊ဖယ်ခုံ ၃၁ဦးနှင့် ဘောလခဲမှ ငါးဦးသေဆုံးခဲ့သည်။

(ရေသန့်နှင့် ဆေးဝါးရှားပါးမှုကြောင့် ယခုလ ၂၆ ရက်က ဆုံးပါးသွားခဲ့သော ဒီးမော့ဆို မြို့နယ်စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

ထို့အတူ စစ်ဘေးရှောင်စဥ် သေဆုံးခဲ့သည့် ပြည်သူများအနက် ဒီးမော့ဆိုမြို့နယ်မှ ၁၅ဦး၊လွိုင်ကော်မှ လေးဦးနှင့် ဖယ်ခုံမြို့နယ်မှ ငါးဦးတို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါ အရေအတွက်ထက် မြေပြင်တွင် ယခုထက်ပိုနိုင်ကြောင်းလည်း PKPF က အသိပေးသည်။

Public Service Announcement

“ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ဒီးမော့ဆိုထဲက ဟိုဝမ် စစ်ရှောင်မှာ ခြောက်လကလေးတစ်ယောက် ဆုံးသွားရတယ်။အဓိကတော့ ရေသန့်ရှားတယ်။ပြီးတော့ ဆေးတွေကိုလည်း ကျွန်တော်တို့ဆီ တင်သွင်းခွင့်ကို အကြမ်းဖက်စစ်တပ်က ပိတ်ထားတယ်။အခုဆို မိုးတွင်းပါရောက်လာပြီဆိုတော့ စစ်ရှောင်စခန်းတွေမှာ သွေးလွန်တုပ်ကွေးက စိုးရိမ်စရာအခြေအနေရှိတယ်”ဟု ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ပေးနေသူ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

ထို့ကြောင့် ဖယ်ခုံ၊မိုးဗြဲ မြို့နယ် စာရင်းအပါ ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ အရေအတွက်မှာ ၁၇၀,၀၀၀ ထက်မနည်းရှိနေကြောင်း ဒေသခံလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။