Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်သတ်ဖြတ်မှုနှင့် စစ်ဘေးရှောင်နေစဥ် ဆေးဝါးနှင့်စားနပ်ရိက္ခာမလုံလောက်၍ သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၂၆၃ ဦးထက်မနည်းရှိနေ

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

(ရေသန့်နှင့် ဆေးဝါးရှားပါးမှုကြောင့် ယခုလ ၂၆ ရက်က ဆုံးပါးသွားခဲ့သော ဒီးမော့ဆို မြို့နယ်စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ သတ်ဖြတ်ခံရမှုနှင့်စစ်ဘေးရှောင်နေစဥ် ဆေးဝါးနှင့် စားနပ်ရိက္ခာမလုံလောက်၍ ကရင်နီပြည်နယ်၌ သေဆုံးခဲ့ရသော အရပ်သားပြည်သူ ၂၆၃ဦးထက်မနည်းရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှုအရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့( မေလ ၂၈ရက်)အထိဖြစ်ပြီး လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဖယ်ခုံနှင့် ဘောလခဲမြို့နယ်မှ ဒေသခံများ ဖြစ်သည်။

စစ်ကောင်စီ၏ အကြောင်းမဲ့သတ်ဖြတ်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူစာရင်းအရ ဒီးမော့ဆိုမြို့နယ်တွင် ၈၃ဦး၊လွိုင်ကော် ၇၄ဦး၊ ဖရူဆို ၄၆ဦး၊ဖယ်ခုံ ၃၁ဦးနှင့် ဘောလခဲမှ ငါးဦးသေဆုံးခဲ့သည်။

(ရေသန့်နှင့် ဆေးဝါးရှားပါးမှုကြောင့် ယခုလ ၂၆ ရက်က ဆုံးပါးသွားခဲ့သော ဒီးမော့ဆို မြို့နယ်စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)

ထို့အတူ စစ်ဘေးရှောင်စဥ် သေဆုံးခဲ့သည့် ပြည်သူများအနက် ဒီးမော့ဆိုမြို့နယ်မှ ၁၅ဦး၊လွိုင်ကော်မှ လေးဦးနှင့် ဖယ်ခုံမြို့နယ်မှ ငါးဦးတို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါ အရေအတွက်ထက် မြေပြင်တွင် ယခုထက်ပိုနိုင်ကြောင်းလည်း PKPF က အသိပေးသည်။

Public Service Announcement

“ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ဒီးမော့ဆိုထဲက ဟိုဝမ် စစ်ရှောင်မှာ ခြောက်လကလေးတစ်ယောက် ဆုံးသွားရတယ်။အဓိကတော့ ရေသန့်ရှားတယ်။ပြီးတော့ ဆေးတွေကိုလည်း ကျွန်တော်တို့ဆီ တင်သွင်းခွင့်ကို အကြမ်းဖက်စစ်တပ်က ပိတ်ထားတယ်။အခုဆို မိုးတွင်းပါရောက်လာပြီဆိုတော့ စစ်ရှောင်စခန်းတွေမှာ သွေးလွန်တုပ်ကွေးက စိုးရိမ်စရာအခြေအနေရှိတယ်”ဟု ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ပေးနေသူ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

ထို့ကြောင့် ဖယ်ခုံ၊မိုးဗြဲ မြို့နယ် စာရင်းအပါ ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ အရေအတွက်မှာ ၁၇၀,၀၀၀ ထက်မနည်းရှိနေကြောင်း ဒေသခံလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။