Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မီးရှို့သည့်နေရာများအတွက် NUG လုပ်ဆောင်နေသော အချက် ၈ ချက်ထုတ်ပြန်

မီးရှို့ခံရသည့် ဖြစ်စဥ်များသည် နေရာပေါင်း၂၉၆ ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ ၎င်း၏ နောက်တွင် မကွေး၊ ချင်း၊ ကရင်နီပြည်တို့ အစဥ်လိုက်ရပ်တည်နေသည်။

(အကြမ်းဖက်စစ်​ကောင်စီက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏​နေအိမ်​ပေါင်း ​သောင်းနှင့်ချီ၍ ဖျက်ဆီးထားသည်။)

အကြမ်းဖက်စစ်တပ်၏ မီးရှို့ခြင်းခံရသည့် ဒေသများအတွက် လုပ်ဆောင်နေသည့် အချက် ၈ ချက်ကို NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

(အကြမ်းဖက်စစ်​ကောင်စီက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏​နေအိမ်​ပေါင်း ​သောင်းနှင့်ချီ၍ ဖျက်ဆီးထားသည်။)

အချက်အလက်များကို နေ့စဥ် စောင့်ကြည့် မှတ်တမ်းယူခြင်း၊ ထိခိုက်ခံစားရသော မိသားစုများကို လူသားချင်းစာနာမှု အရေးပေါ် အကူအညီ ပေးအပ်ခြင်း၊ အချို့သော တိမ်းရှောင်ရာ နေရာများတွင် ယာယီခိုလုံရာများ ဆောက်လုပ်ရန် ထောက်ပံ့ခြင်း တို့ကို NUG က လုပ်ဆောင်နေသည်ဟု ဖော်ပြသည်။

Public Service Announcement

ဆက်လက်​ပြီး ဘေးဒုက္ခ ခံစားရသော ပြည်သူများကို စိတ်လူမှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု ပေးခြင်း၊ ထိန်းချုပ်စိုးမိုးမှု ရရှိလာသော နယ်မြေများတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများ ချမှတ်ထားရှိခြင်း၊ အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေများ၏ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်း နိုင်ငံတကာက သိရှိစေရန် ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယင်းနောက် အကြမ်းဖက် စစ်တပ်နှင့် လက်ပါးစေများက တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားစွာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကြောင့် ဒုက္ခသည်ဦးရေ တိုးပွားလျက်ရှိရာ လူသားချင်း စာနာမှု အကူအညီများကို နိုင်ငံတကာမှ ရရှိနိုင်ရေး ကြိုးပမ်းခြင်းနှင့် ပြည်တွင်းပြည်ပ ပြည်သူများ၏ ကူညီပံ့ပိုးမှုဖြင့် ထောက်ပံ့မှုများ ထိထိရောက်ရောက် ပေးနိုင်ရေး လုံခြုံရေးသတိဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို အစဥ်အမြဲ မြှင့်တင်အကောင်အထည် ဖော်လျက်ရှိခြင်းတို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်​ကောင်စီက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏​နေအိမ်​ပေါင်း ​သောင်းနှင့်ချီ၍ ဖျက်ဆီးထားသည်။)

စစ်တပ်အာဏာသိမ်းချိန်ကစ၍ ၂၀၂၂ ဧပြီလကုန်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့သဖြင့် နိုင်ငံတဝန်းပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိသည်ဟု Data For Myanmar က စာရင်းပြုစုထုတ်ပြန်သည်။

မီးရှို့ခံရသည့် ဖြစ်စဥ်များသည် နေရာပေါင်း၂၉၆ ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ ၎င်း၏ နောက်တွင် မကွေး၊ ချင်း၊ ကရင်နီပြည်တို့ အစဥ်လိုက်ရပ်တည်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။