Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မြစ်ကြီးနားလမ်း​ပေါ်တွင်စစ်​​ကောင်စီတပ်ကားများတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းအတွင်း မုံရွာ-မန္တလေးလမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး ။ဓါတ်ပုံ-CJ)
(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ကားကြီးနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တွဲကားမီးလောင်ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့( မေလ ၂၈ ရက်) ည ၉ နာရီခွဲ အချိန်က စစ်ကိုင်းမြို့မှ ရွှေဘိုဘက်သို့ ဦးတည်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား‌များလိုက်ပါလာသော တွဲကား ၁စီးနှင့် ၁၀ဘီးကား ၁စီးကို နယ်စည်းမခြားစစ်ကိုင်းသားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ရွှေဘို-မြစ်ကြီးနားလမ်း၊ စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာနှင့် ချိုင်းကြီးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ တွဲကားနှင့် ၁၀ ဘီးကား နှစ်စီးလုံးမိုင်းထိမှန်ခဲ့ကြောင်း၊ တွဲကားမှာ ထိမှန်သည့်နေရာမှာတင် မီးလောင်ပြီးထိုးရပ်သွားကြောင်းတပ်ဖွဲ့တာဝန်ရှိသူက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ဖြေကြားထားသည်။

“ကားပေါ်မှာ လိုက်ပါလာတဲ့ စကစတပ်သားအင်အားများတယ်လို့သိရပြီး အထိအခိုက်အသေအပျောက်ရှိနိုင်တယ်လို့သိရပါတယ်။ မီးလောင်သွားတဲ့ စစ်‌ကောင်စီတွဲကားကို တခါတည်း ချိတ်ဆွဲသွားတယ်လို့သိရပါတယ်။ စစ်ကိုင်းကနေထွက်လာတဲ့ ကားများလို့ ချက်ချင်းပြန်ဆုတ်ခဲ့ကြပြီး ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။