Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနှင့် မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော်ပြာကျ

ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကားသုံးစီးဖြင့်လာရောက်ပြီး လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။

(မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်။)
(မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် မြောင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော် ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကားသုံးစီးဖြင့်လာရောက်ပြီး လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁၂နာရီခွဲခန့်ကစပြီး ကျေးရွာအရှေ့ပိုင်းမှ စ၍ မီးတင်ရှို့ခဲ့ရာ နေအိမ်၈၀ကျော်မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

အနီးနားရှိ ကျေးရွာ ငါးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရ ပြည်သူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က နံနက် ၇နာရီခွဲခန့်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍နေအိမ် ၁ဝဝခန့် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကြောင့် မြောင်နယ်နှင့် ခင်ဦးနယ်အသီးသီးရှိ ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။