Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ္မတူနယ်တွင် စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများစာရင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန်တားမြစ်စာကို မံစံကျေးရွာရှိ ဈေးဆိုင်တိုင်းတွင် ဖြန့်ဝေကပ်ထားပြီးဆိုင်ရှင်များကိုလည်း အသိပေးထားသည့်အပေါ် ဆက်လက်ရောင်းချနေ၍ အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး
စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

▪️စစ်ကောင်စီထုတ်ကုန် မရောင်းရန်တားမြစ်ချက်အား မလိုက်နာသည့် ဆိုင်ရှင်ကိုအရေးယူမည်ဟုအသိ​ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာရှိ စျေးဆိုင်များတွင် ရောင်းချနေသည့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကို လိုက်လံဖျက်ဆီးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး
စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

မေလ ၂၈ရက်က TNLA တပ်မဟာ(၄)စစ်ဒေသ နမ္မတူမြို့နယ် မံစံကျေးရွာတွင် TNLA နမ္မတူမြို့နယ်အုပ်ချုပ်ရေးဌာနနှင့် တပ်ရင်း(၉၁၉)တို့ ပူးပေါင်းပြီး ကျေးရွာထဲရှိ စျေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ စစ်ဆေးရာ စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် Myanmar Beer ၊ Speed ချိုရည်၊ Horn ချိုရည် နှင့် အခြားစားသုံးကုန်ပစ္စည်းများ တွေ့ရှိရ၍ တန်ဖိုးစုစုပေါင်း (၁၀) သိန်းဝန်းကျင် ဖျက်ဆီးခဲ့ပြီး ဆိုင်ရှင်ကို စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ရှောင်းချမှုဖြင့် အရေးယူသွားမည်ဟု ဖော်ပြထားသည်။