Connect with us

Hi, what are you looking for?

သတင်း

နမ္မတူနယ်တွင် စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများစာရင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန်တားမြစ်စာကို မံစံကျေးရွာရှိ ဈေးဆိုင်တိုင်းတွင် ဖြန့်ဝေကပ်ထားပြီးဆိုင်ရှင်များကိုလည်း အသိပေးထားသည့်အပေါ် ဆက်လက်ရောင်းချနေ၍ အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး
စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

▪️စစ်ကောင်စီထုတ်ကုန် မရောင်းရန်တားမြစ်ချက်အား မလိုက်နာသည့် ဆိုင်ရှင်ကိုအရေးယူမည်ဟုအသိ​ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာရှိ စျေးဆိုင်များတွင် ရောင်းချနေသည့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကို လိုက်လံဖျက်ဆီးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် ဖော်ပြ သည်။

စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး
စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

မေလ ၂၈ရက်က TNLA တပ်မဟာ(၄)စစ်ဒေသ နမ္မတူမြို့နယ် မံစံကျေးရွာတွင် TNLA နမ္မတူမြို့နယ်အုပ်ချုပ်ရေးဌာနနှင့် တပ်ရင်း(၉၁၉)တို့ ပူးပေါင်းပြီး ကျေးရွာထဲရှိ စျေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ စစ်ဆေးရာ စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် Myanmar Beer ၊ Speed ချိုရည်၊ Horn ချိုရည် နှင့် အခြားစားသုံးကုန်ပစ္စည်းများ တွေ့ရှိရ၍ တန်ဖိုးစုစုပေါင်း (၁၀) သိန်းဝန်းကျင် ဖျက်ဆီးခဲ့ပြီး ဆိုင်ရှင်ကို စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ရှောင်းချမှုဖြင့် အရေးယူသွားမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး
စစ်ကောင်စီထုတ်ကုန် ပစ္စည်းများကို TNLA လိုက်လံဖျက်ဆီး

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများစာရင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန်တားမြစ်စာကို မံစံကျေးရွာရှိ ဈေးဆိုင်တိုင်းတွင် ဖြန့်ဝေကပ်ထားပြီးဆိုင်ရှင်များကိုလည်း အသိပေးထားသည့်အပေါ် ဆက်လက်ရောင်းချနေ၍ အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။