Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည့် အာဆီယံနှင့်ကုလ အစီအစဉ်ကို ကန့်ကွက်ကြောင်း NUG နှင့်တိုင်းရင်းသားအဖွဲ့အစည်းသုံးခု ကြေညာချက်ထုတ်

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

(ကရင်ပြည်နယ်မှ စစ်​ဘေးဒုက္ခသည်များ။ နိူင်ငံတစ်ဝန်း စစ်​ဘေးဒုက္ခသည် တစ်သန်း​ကျော်ရှိ​နေပြီဖြစ်သည်။)
(ကရင်ပြည်နယ်မှ စစ်​ဘေးဒုက္ခသည်များ။ နိူင်ငံတစ်ဝန်း စစ်​ဘေးဒုက္ခသည် တစ်သန်း​ကျော်ရှိ​နေပြီဖြစ်သည်။)

အာဆီယံနှင့်ကုလသမဂ္ဂ၏ စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးရန် အစီအစဉ်ကို လုံး၀လက်မခံနိုင်ကြောင်း NUG နှင့်တိုင်းရင်းသားအဖွဲ့အစည်းသုံးခုတို့က ယနေ့ပူးတွဲထုတ်ပြန်သည်။

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

လူသားချင်းစာနာမှုအကူအညီများပေးရန် သက်ဆိုင်သူများပါဝင်မှုမရှိသည့် ချဉ်းကပ်သော နည်းလမ်းကို ပြန်လည်စဉ်းစားရန်၊ ဆန်းစစ်လေ့လာမှုနှင့် အကူအညီပေးရေးအစီအစဉ်များကို ပြန်လည် သုံးသပ်ရေးဆွဲရန် အထက်ပါအဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း မူလစီစဉ်ထားသည့်အတိုင်းဆောင်ရွက်ရန်ပေါ်လွင်နေသည်ဟု ဆိုသည်။

အာဆီယံနှင့် ကုလသမဂ္ဂတို့သည် ပြီးခဲ့သည့်မတ်လက ကမ္ဘောဒီးယား၌ ပြုလုပ်ခဲ့သော အာဆီယံ၏လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအစည်းအဝေးတွင် စစ်ကောင်စီမှတဆင့် အကူအညီပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ချဉ်းကပ်လုပ်ဆောင်မှုသည် စစ်ကောင်စီကို တရားဝင်မှုအပ်နှင်းသည့် အန္တရာယ်ကြီးမား သောလုပ်ရပ်ဖြစ်ကာ ပြည်သူများကို ပို၍ဘေးဒုက္ခရောက်စေမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည့် ရပ်ရွာဒေသများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအလိုအပ်ဆုံးဖြစ်သော်လည်း ယင်းဒေသများအား ချန်လှပ်ထားခြင်းကို စိတ် မကောင်းကြီးစွာဖြင့် တွေ့ရကြောင်း ပူးတွဲထုတ်ပြန်သည်။

အာဆီယံနှင့် ကုလသမဂ္ဂတို့၏ အစီအစဉ်သည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို လက်ရဲဇက်ရဲထပ်မံကျူးလွန်လာစေရန် အားပေးပြီး အာဆီယံသဘောတူညီချက်များကို အဖက်ဆယ်မရအောင် အကျိုးသက်ရောက်လိမ့်မည် ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။