Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည့် အာဆီယံနှင့်ကုလ အစီအစဉ်ကို ကန့်ကွက်ကြောင်း NUG နှင့်တိုင်းရင်းသားအဖွဲ့အစည်းသုံးခု ကြေညာချက်ထုတ်

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

(ကရင်ပြည်နယ်မှ စစ်​ဘေးဒုက္ခသည်များ။ နိူင်ငံတစ်ဝန်း စစ်​ဘေးဒုက္ခသည် တစ်သန်း​ကျော်ရှိ​နေပြီဖြစ်သည်။)
(ကရင်ပြည်နယ်မှ စစ်​ဘေးဒုက္ခသည်များ။ နိူင်ငံတစ်ဝန်း စစ်​ဘေးဒုက္ခသည် တစ်သန်း​ကျော်ရှိ​နေပြီဖြစ်သည်။)

အာဆီယံနှင့်ကုလသမဂ္ဂ၏ စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးရန် အစီအစဉ်ကို လုံး၀လက်မခံနိုင်ကြောင်း NUG နှင့်တိုင်းရင်းသားအဖွဲ့အစည်းသုံးခုတို့က ယနေ့ပူးတွဲထုတ်ပြန်သည်။

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

လူသားချင်းစာနာမှုအကူအညီများပေးရန် သက်ဆိုင်သူများပါဝင်မှုမရှိသည့် ချဉ်းကပ်သော နည်းလမ်းကို ပြန်လည်စဉ်းစားရန်၊ ဆန်းစစ်လေ့လာမှုနှင့် အကူအညီပေးရေးအစီအစဉ်များကို ပြန်လည် သုံးသပ်ရေးဆွဲရန် အထက်ပါအဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း မူလစီစဉ်ထားသည့်အတိုင်းဆောင်ရွက်ရန်ပေါ်လွင်နေသည်ဟု ဆိုသည်။

အာဆီယံနှင့် ကုလသမဂ္ဂတို့သည် ပြီးခဲ့သည့်မတ်လက ကမ္ဘောဒီးယား၌ ပြုလုပ်ခဲ့သော အာဆီယံ၏လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအစည်းအဝေးတွင် စစ်ကောင်စီမှတဆင့် အကူအညီပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ချဉ်းကပ်လုပ်ဆောင်မှုသည် စစ်ကောင်စီကို တရားဝင်မှုအပ်နှင်းသည့် အန္တရာယ်ကြီးမား သောလုပ်ရပ်ဖြစ်ကာ ပြည်သူများကို ပို၍ဘေးဒုက္ခရောက်စေမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည့် ရပ်ရွာဒေသများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအလိုအပ်ဆုံးဖြစ်သော်လည်း ယင်းဒေသများအား ချန်လှပ်ထားခြင်းကို စိတ် မကောင်းကြီးစွာဖြင့် တွေ့ရကြောင်း ပူးတွဲထုတ်ပြန်သည်။

အာဆီယံနှင့် ကုလသမဂ္ဂတို့၏ အစီအစဉ်သည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို လက်ရဲဇက်ရဲထပ်မံကျူးလွန်လာစေရန် အားပေးပြီး အာဆီယံသဘောတူညီချက်များကို အဖက်ဆယ်မရအောင် အကျိုးသက်ရောက်လိမ့်မည် ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook