Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ အိမ်အပြင်မထွက်ကြရန် မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး

အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်တွင်ပါ ပြောက်ကျားတိုက်ခိုက်နေသည့် မုံရွာမြို့နယ်တွင်ယခင်ရက်ပိုင်းက အင်တာနက်နှင့်ဖုန်းလိုင်းများပါ ဖြတ်တောက်ပြီး သတင်းအမှောင်ချမှုများ ပြုလုပ်ခဲ့သေးသည်။

(မုံရွာမြို့တွင်း လမ်းတစ်ခုပေါ်တွင် ဆန္ဒပြပြည်သူများအား နှိမ်နင်းခဲ့သည့် အကြမ်းဖက်စစ်တပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင်း လမ်းတစ်ခုပေါ်တွင် ဆန္ဒပြပြည်သူများအား နှိမ်နင်းခဲ့သည့် အကြမ်းဖက်စစ်တပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခြင်းမပြုကြရန် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေးကြေညာသည်။

ယနေ့(မေလ ၃၁ ရက်)နံနက် ၁၀နာရီအချိန်မှစ၍ မုံရွာမြို့နေပြည်သူများ အပြင်လမ်းမပေါ်သို့ မထွက်ကြရန် Monywa UG တပ်ပေါင်းစုများမှ ထုတ်ပြန်သတိပေးသည်။ ထို့အပြင် ပြန်လည်ထွက်ခွင့်ရမည့်အချိန်ကို ထပ်မံအသိပေးပေးသွားမည်ဟု Monywa UG တပ်ပေါင်းစုက ပြော သည်။

ယနေ့နံနက်ပိုင်းက မုံရွာမြို့ ကျောက္ကာလမ်းနှင့် ဇလုပ်ကြားတွင် အကြမ်းဖက်စစ်တပ်က ရမ်းပစ်နေကြောင်း၊ ယမန်နေ့က မုံရွာ – အရာတော်လမ်းပေါ် တိုက်ခိုက်ခံရပြီး အထိအခိုက်များထားသောကြောင့် အင်အား ၄၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်တွင်ပါ ပြောက်ကျားတိုက်ခိုက်နေသည့် မုံရွာမြို့နယ်တွင်ယခင်ရက်ပိုင်းက အင်တာနက်နှင့်ဖုန်းလိုင်းများပါ ဖြတ်တောက်ပြီး သတင်းအမှောင်ချမှုများ ပြုလုပ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။