Connect with us

Hi, what are you looking for?

သတင်း

ဘားလမ်းဗုံးခွဲတိုက်ခိုက်မှုကို NUG ပြင်းထန်စွာရှုတ်ချ

ရန်ကုန်မြို့ဘားလမ်းမှတ်တိုင် ဗုံးခွဲမှုသည် တော်လှန်ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်ဗျူဟာဖြစ်သည်ဟု NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည်။

ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု
ဘားလမ်းကားမှတ်တိုင်ဗုံး​ပေါက်ကွဲမှု

အရပ်သား ပြည်သူများကို ဦးတည်၍ အကြမ်းဖက်လုပ်ရပ် ပြုလုပ်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

ယနေ့ ဘားလမ်းကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲပြီး ပြည်သူ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သဘောထားကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထုတ်ပြန်ခြင်းဖြစ်သည်။

NUG

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် အပြစ်မဲ့ အရပ်သားပြည်သူများကိုပစ်မှတ်ထား၍ အကွက်ချ တိုက်ခိုက်မှုဖြစ်ကြောင်းလည်း NUG က ဆိုသည်။

ရန်ကုန်မြို့ဘားလမ်းမှတ်တိုင် ဗုံးခွဲမှုသည် တော်လှန်ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်ဗျူဟာဖြစ်သည်ဟု NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အကြမ်းဖက်လုပ်ရပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက လုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံတဝန်းတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်ဖျက်ဆီးနေသည့် စစ်ကောင်စီ၏ လက်ချက်ဖြစ်သည်ဟု ပြည်သူများက ယုံကြည်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook