Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦး – မြင်းခြံလမ်းပိုင်းတွင် မိုင်းတွေ့၍ဆင်းဖြုတ်သည့် စစ်ကောင်စီယာဥ် မိုင်းပေါက်ကွဲ၍ လေးဦးသေ

အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA – ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of Young Menအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

(ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အဝင်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အဝင်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ ညောင်ဦး – မြင်းခြံလမ်းပိုင်းတွင် မိုင်းတွေ့၍ ဆင်းဖြုတ်သည့် အကြမ်းဖက်စစ်ကောင်စီယာဥ် မိုင်းပေါက်ကွဲ၍ အကြမ်းဖက်စစ်သား လေးဦးသေဆုံးကြောင်း Seven People Defense Forceက သတင်းထုတ်ပြန်သည်။

ယနေ့ (မေလ ၃၁ ရက်) နံနက်၉နာရီ မိနစ် ၂၀ဝန်းကျင်တွင်​ ညောင်ဦး – မြင်းခြံလမ်း ၊ ကုန်းပုထိုးလမ်းခွဲအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါလမ်းပေါ်၌ ဒေသတွင်းအဖွဲ့များ တပ်ဆင်ထားသော မိုင်းအား ရှာတွေ့၍ ကားပေါ်မှဆင်းဖြုတ်ရာ မိုင်းပေါက်ကွဲသွားခြင်းဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးသေဆုံးပြီး ထပ်တိုးအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း Seven People Defense Forceက ပြောသည်။

“သီးကုံးကျေးရွာနားမှာ ဟိုက်ဂျက်ကားတစ်စီးနဲ့ နောက်ထပ်စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA – ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of Young Menအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာတွင် ပျူစောထီးများ သွေးသောက်အဖွဲ့ ဖွဲ့စည်းရန်အစည်းအဝေးလုပ်နေစဥ် ဒေသတွင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။