Connect with us

Hi, what are you looking for?

သတင်း

NUG နှင့်ချိတ်ဆက်ထားသော အွန်လိုင်းအခြေ ပြုကျောင်းများတွင် ကျောင်းအပ်သူများပြား

ယင်းကျောင်းများအနက် မြစ်သားမြို့နယ်အခြေစိုက် Kaung For You Education တွင် ကျောင်းအပ်သူဦးရေမှာ ၁ နာရီအတွင်း ကျောင်းသားဦးရေတစ်သိန်းကျော်သွားပြီး ကျောင်းမှလက်ခံသင်ကြားပေးနိုင်သည့်ဦးရေထက် အဆမတန်များပြားနေ၍ လက်ခံမည့်ကျောင်းသားများအား စိစစ်ရန်ပင် အခက်အခဲရှိနေကြောင်း K4U က အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာ ရေးဝန်ကြီးဌာန(MOE)လမ်းညွှန်မှုဖြင့်သင်ကြားမည့် အွန်လိုင်းအခြေပြု ကျောင်းများတွင် ကြားကာလပညာရေးအတွက် ကျောင်းအံနှံလာသည့် ကျောင်းသားကျောင်းသူများပြားကြောင်း သက်ဆိုင်ရာကျောင်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါကျောင်းများတွင် Kaung For You Education(K4U) ၊ Yangon Federal School(YFS) ၊ Mandalay Federal School(MFS) ၊ Ayeyarwaddy Federal School(AFS)နှင့် New Myanmar Education (NME)တို့ပါဝင်ပြီး ယနေ့ ဇွန် ၁ ရက်တွင် အခြေခံပညာတန်းများအား ကျောင်းအပ်စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။

ယင်းကျောင်းများအနက် မြစ်သားမြို့နယ်အခြေစိုက် Kaung For You Education တွင် ကျောင်းအပ်သူဦးရေမှာ ၁ နာရီအတွင်း ကျောင်းသားဦးရေတစ်သိန်းကျော်သွားပြီး ကျောင်းမှလက်ခံသင်ကြားပေးနိုင်သည့်ဦးရေထက် အဆမတန်များပြားနေ၍ လက်ခံမည့်ကျောင်းသားများအား စိစစ်ရန်ပင် အခက်အခဲရှိနေကြောင်း K4U က အသိပေးသည်။

အလားတူ ရန်ကုန်အခြေပြု YFS မှလည်း ကျောင်းအပ်စလက်ခံသည့် ယနေ့(ဇွန် ၁)နံနက် ၉ နာရီမှ ၄ နာရီအတွင်း ကျောင်းသားဦးရေ ၄,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လက်ရှိအချိန်အထိလည်း အပ်နှံနေမှုများဆက်လက်ရှိနေပြီး YFS က သေချာစွာ စာရင်းပြုစု စီစစ်နေကြပါသည်”ဟု ပြောသည်။

မန္တလေးအခြေစိုက် MFS ကျောင်းတွင်လည်း ကျောင်းအပ်လက်ခံမည့်ရက်ကို ဇွန် ၁ ရက်မှ ၇ ရက်အထိသတ်မှတ်ခဲ့သော်လည်း ကျောင်းအပ်စလက်ခံသည့် ယနေ့တစ်ရက်တည်းတွင် သတ် မှတ်ကျောင်းသားဦးရေပြည့်သွား၍ ကျောင်းအပ်လက်ခံခြင်းကို ခေတ္တရပ်နားထားမည်ဟု ယနေ့ညနေပိုင်းတွင် အသိပေးထုတ်ပြန်သည်။

“လက်ရှိသင်ကြားပေးနိုင်မည့်လူအင်အားထက်ပိုမိုလက်ခံမိပါက စာသင်ကြားမှုအရည်အသွေးကျဆင်းမည်ကိုစိုးရိမ်သဖြင့် လူဦး​ရေကန့်သတ်ထားရခြင်းဖြစ်ပါတယ်”ဟု MSF က အသိပေးသည်။

ကျောင်းအပ်လက်ခံခြင်းခေတ္တရပ်နားထားမည်ကို မိဘပြည်သူများနားလည်ပေးနိုင်မည်ဟု ယုံကြည်ပြီး မကြာမီ ထပ်တိုးလက်ခံနိုင်မည့်ကျောင်းသားစာရင်းကို အသိပေးနိုင်မည်ဖြစ်သလို ထပ်တိုးလက်ခံနိုင်ရန်လည်း စီစဥ်သွားမည်ဟု ဆိုသည်။

အထက်ပါကျောင်းများနည်းတူ ယနေ့တွင် စတင်ကျောင်းအပ်လက်ခံခဲ့သော Ayeyarwaddy Federal School(AFS)တွင်လည်း ယနေ့နေ့လယ်ပိုင်းအထိ ကျောင်းသားဦးရေ ၃,၀၀၀ ကျော် အပ်နှံထားပြီဟု ကျောင်း၏ဒုဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးဝေအောင်က အတည်ပြုသည်။

NUG ပညာရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ထားသော New Myanmar Education မှလည်း ၎င်းတို့ကျောင်းတွင် ကျောင်းအပ်သူ ၁,၅၀၀ ကျော်လာပြီဖြစ်၍ ကျောင်းသားများထံပြန်လည်ဆက်သွယ်တော့မည်ဟု အသိပေးသည်။

NME အနေဖြင့် ကျောင်းအပ်လက်ခံခြင်းကို ဇွန် ၁၅ အထိသတ်မှတ်ထားပြီး အပ်ထားသူကာ ယကံရှင်ကျောင်းသားများထံ တယ်လီဖုန်းဖြင့်ဆက်သွယ်ခြင်း၊ တယ်လီဂရမ်မှတဆင့် ထပ်မံဆက်သွယ်အတည်ပြုခြင်းတို့ ဆက်လက်ပြု လုပ်သွားမည်ဟု ဖော်ပြသည်။

NUG၏ ပညာ​ရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ထား၍ ကြားကာလပညာ​​ရေးစနစ်နှင့်အညီ ဖွင့်လှစ်သင်ကြား​ပေး​နေ​သော​ကျောင်းများ၏ ​ဖေစ်ဘွခ်စာမျက်နှာများကို ​ဖော်ပြလိုက်ပါသည်။ ကျန်ရှိ​သော​​ကျောင်းများစာရင်းကိုလည်းဆက်လက်​ဖော်ပြ​ပေးပါမည်။

Free Online Education Institute of Myanmar – FOEIM

https://www.facebook.com/foeim/

Run Free Education

https://www.facebook.com/RunFreeEdu2020/

CDM Students Supporting Team – CSST

https://www.facebook.com/CDM-Students-Supporting-Team-CSST-100835912579290/

New Myanmar Education

https://www.facebook.com/NewMyanmarEducation/

Academy Federal School

https://www.facebook.com/Academy-Federal-School-116109424428220/

Yangon Federal School

https://www.facebook.com/Yangon-Federal-School-101480155925458/

Mandalay Federal School

https://www.facebook.com/Mandalay-Federal-School-100712985988739/

Ayeyarwaddy Federal School

https://www.facebook.com/Ayeyarwaddy-Federal-School-101469089235697/

https://www.facebook.com/MadayaEducationalCDMCommittee

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။