Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းများစွာဖြင့် ပြည်သူနှင့်ပူး​ပေါင်းသော တပ်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ပြည်သူ့ပန်းတိုင်က ကျပ် ၃၂ သိန်းဂုဏ်ပြုချီးမြှင့်

စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များကို ဆက်လက်တာဝန်မထမ်းဆောင်လိုသော အထက်ပါအရာရှိနှင့်တပ်သားတို့သည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတစ်ခုသို့ စစ်ဘက်သုံးလက်နက်များစွာဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင်လာခဲ့ ခြင်းဖြစ်သည်။

ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်

ကချင်ဒေသတွင် လက်နက်ခဲယမ်းများစွာဖြင့် ပြည်သူ့ဘက်ရပ်တည်လာခဲ့သော စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ပြည်သူ့ပန်းတိုင်က ငွေကျပ် ၃၂ သိန်း ဂုဏ်ပြုချီးမြှင့်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များကို ဆက်လက်တာဝန်မထမ်းဆောင်လိုသော အထက်ပါအရာရှိနှင့်တပ်သားတို့သည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတစ်ခုသို့ စစ်ဘက်သုံးလက်နက်များစွာဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင်လာခဲ့ ခြင်းဖြစ်သည်။

 ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်

၎င်းတို့သည် MA-2 သေနတ်တစ်လက်၊ MA-3 သေနတ်တစ်လက်၊ MA-5 ပစ္စတိုသေနတ်အတိုတစ်လက်အပါအဝင် ခဲယမ်းများစွာဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များအောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် ကချင် လွတ်မြောက်နယ်မြေ စခန်းတစ်ခု၌ လက်နက်ဖြင့် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ထားသူ ၁၁ ဦးခန့်ရှိနေသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါပြည်သူ့ဘက်ရပ်တည်လာသူများကို ဂုဏ်ပြုထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ထပ်မံ၍ ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့https://www.facebook.com/myanmarspring2022/ ကိုယုံကြည်စွာဆက်သွယ်
မေးမြန်း တိုင်ပင်နိုင်ကြောင်းထုတ်ပြန်သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် NUG-MOD ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ၊ တော်လှန်ရေးအင်းအားစုများဖြင့် သက်ဆိုင်ရာတိုင်းဒေသအလိုက် ပူးပေါင်းကူညီဆောင်ရွက်နေသည်။

ထိုအပြင်ပြည်သူနှင့်ပူး​ပေါင်းလာ​သူများအတွက်လည်း ပြည်သူများအနေဖြင့် ဂုဏ်ပြုထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့သို့ ဆက်သွယ်နိုင်​ကြောင်းလည်း​ဖော်ပြထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​​သောစစ်သားနှစ်ဦးယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများနှင့် ၎င်းတို့နှစ်ဦးကိုဂုဏ်ပြု​ငွေ​ပေးအပ်​နေစဥ်။ ။ဓါတ်ပုံ-ပြည်သူ့ပန်းတိုင်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။