Connect with us

Hi, what are you looking for?

သတင်း

ယောဒေသတွင် စစ်ရေးတင်းမာနေ၊ ကျောမြို့နယ် ကျေးရွာကိုးရွာမှ ဒေသခံများ ဘေးလွတ်ရာ ရှောင်နေရ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြစ်သာတမံ ဝန်းကျင်တွင်လည်းကောင်း၊ ဆောမြို့နယ် ကျောက်ထုဘက်တွင်လည်းကောင်း ရဟတ်ယဥ်များ အတက်အဆင်းပြုလုပ်၍ စစ်အင်အားတိုးချဲ့လျက်ရှိသည်။

(​ခြေကျင်တောနင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - CJ)
(​ခြေကျင်တောနင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - CJ)

ယောဒေသတွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ကုန်းကြောင်းရော၊ လေကြောင်းဖြင့်ပါ အင်အားတိုးချဲ့နေကြောင်း ယောလူထုတိုက်ပွဲကော်မတီ – YPRCက ယနေ့ (ဇွန် ၂)တွင် အသိပေးထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက ယောဒေသ ကျောမြို့မှထွက်လာသော စစ်ယဥ်တန်းအစီး ၄၀ဝန်းကျင်နှင့် သံချပ်ကာကားများကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် နှစ်ဖက်တိုင်ပွဲပြင်းထန်ခဲ့ရာတိုက်ပွဲအနီးဝန်းကျင်ရှိ စင်းဇယ်၊ ရေပုတ်စသည့်ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ထုတ်ပြန် သည်။

(​ခြေကျင်တောနင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - CJ)
(​ခြေကျင်တောနင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ – CJ)

ထို့အပြင် စစ်ယာဥ်တန်းဖြတ်သန်းသွားသည့် လမ်းဘေးရွာတစ်ရွာဖြစ်သော ရေမျက်နီကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်များက ဖောက်ထွင်းခိုးယူမှုများရှိခဲ့ပြီး ယနေ့ညနေပိုင်းတွင် ညောင်လည်ရွာသို့ ဝင်ရောက်ကာ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပစ္စည်းနှင့်စားစရာများခိုးယူခြင်းတို့ ရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ရေပုတ်၊ စင်းဇယ်၊ ရေမျက်နီ၊​ ညောင်လည်နှင့် ကားလမ်းဘေးပတ်ဝန်းကျင်ရှိ ရွာပေါင်းကိုးရွာမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာတောတောင်များထဲသို့ ရှောင်တိမ်းနေကြရကြောင်း အသိပေးသည်။

(​ခြေကျင်တောနင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - CJ)
(​ခြေကျင်တောနင်းစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ – CJ)

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြစ်သာတမံ ဝန်းကျင်တွင်လည်းကောင်း၊ ဆောမြို့နယ် ကျောက်ထုဘက်တွင်လည်းကောင်း ရဟတ်ယဥ်များ အတက်အဆင်းပြုလုပ်၍ စစ်အင်အားတိုးချဲ့လျက်ရှိသည်။

ကျောက်ထုအနီးဝန်းကျင် ကျေးရွာများဖြစ်သော တေးကျေးရွာ၊ စံကျေးရွာမှာရောက်နေသော ခြေလျင်တပ်အင်အား ၁၇၀ ခန့်သည် ဘုရားကုန်းဘေး(ဒေသအခေါ်ရေနံချောင်)ဘက် တောနင်းလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် ကာကွယရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။