Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီဒေသ မေလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၁၀၀ကျော်သေဆုံးခဲ့ဟု KNDF ထုတ်ပြန်

ကရင်နီပူးပေါင်းတပ်များသည်မေလ(၁၂) ရက်​နေ့တွင်ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်(၂၀)ဦးသေဆုံးခဲ့ပြီး၊ (၅)ဦးအရှင်ဖမ်းမိကာ၊ လက်နက်ကြီး၊ လက်နက်ငယ် (၁၂) လက် သိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်သည်။

(​ထီရိ​ကျေးရွာတွင်စစ်​ကောင်စီတပ်စွဲ​နေ​သောယာယီစခန်းကို တိုက်ခိုက်ပြီး ဖမ်းဆီးရမိ​​သောစစ်သုံပန်နှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-KNDF)
(​ထီရိ​ကျေးရွာတွင်စစ်​ကောင်စီတပ်စွဲ​နေ​သောယာယီစခန်းကို တိုက်ခိုက်ပြီး ဖမ်းဆီးရမိ​​သောစစ်သုံပန်နှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-KNDF)

●ဖရူဆို-ဘောလခဲ လမ်းအား စစ်ကောင်စီတပ် ထိန်းချုပ်ရန် ကြိုးစားနေပြီး ရှမ်း – ကယား နယ်စပ်၌ လည်း ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့

ကရင်နီ(ကယား)ပြည်နယ်တွင် မေလ အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၀၇ ဦးသေဆုံးကာအရှင်၅ဦးဖမ်းဆီးရမိခဲ့ကြေင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က မေလ တစ်လတာ စစ်ရေးဆိုင်ရာ ကြေညာချက်ကိုထုတ်ပြန်သည်။

မေလအတွင်း ကရင်နီပြည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် အရှိန်မြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း အသိပေးထားသည်။

ရှမ်း-ကယားနယ်စပ်ဖြစ်သော မိုးဗြဲနှင့် လွိုင်ကော် နယ်စပ်တို့အပြင် ဖယ်ခုံအရှေ့ ဘက်ကမ်းတို့တွင် နယ်မြေစိုးမိုးနိုင်ရေး အတွက် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်နီပူးပေါင်းတပ်များသည်မေလ(၁၂) ရက်​နေ့တွင်ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်(၂၀)ဦးသေဆုံးခဲ့ပြီး၊ (၅)ဦးအရှင်ဖမ်းမိကာ၊ လက်နက်ကြီး၊ လက်နက်ငယ် (၁၂) လက် သိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်သည်။

(​ထီရိ​ကျေးရွာတွင်စစ်​ကောင်စီတပ်စွဲ​နေ​သောယာယီစခန်းကို တိုက်ခိုက်ပြီး ဖမ်းဆီးရမိ​​သောစစ်သုံပန်နှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-KNDF)
(​ထီရိ​ကျေးရွာတွင်စစ်​ကောင်စီတပ်စွဲ​နေ​သောယာယီစခန်းကို တိုက်ခိုက်ပြီး ဖမ်းဆီးရမိ​​သောစစ်သုံပန်နှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-KNDF)

ထိုဂိတ်စခန်းအား ဝင်ရောက်စီးနင်းအပြီး မေလ (၁၅) ရက်နေ့မှ စ၍ စစ်ကောင်စီဘက်မှ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းကျေးရွာများဖြစ်သော ဆောင်နန်းခဲ၊ နန်းပုံလုံ၊ လွယ်ပေါကျေးရွာဖက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းဖက်မှ ဆီးမီးလော့ကျေးရွာဖက်သို့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာဆက်တိုက်ဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မေလ (၁၆) ရက်နေ့တွင် ဆောင်နန်းခဲကျေးရွာအတွင်း ရွာလုံးကျွတ် နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပြီး၊ လွယ်ပေါနှင့်နန့်ပုံလုံကျေးရွာတို့တွင်လည်း နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြေြာင်း KNDFက ထုတ်နြပ်သည်။

တိုက်ပွဲဖြစ်ပွားရာ၊ ဖယ်ခုံမြို့နယ်အရှ့ဘက်ခြမ်းသို့ လွိုင်ကော်၊ မိုးဗြဲနှင့် ဖယ်ခုံမြို့ များတွင် အခြေစိုက် သော စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ကူဖြင့် အပြင်းအထန်းတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖြစ်သော ပင်ပုံ၊ လွယ်ဟွယ်၊ တောင်မဲသင်းကျေးရွာနှင့် အနီးတဝိုက်တို့တွင် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းပြီး အင်အားဖြည့်တင်းလျက်ရှိကြောင်း ဖော်ပြသည်။

ပင်လောင်းမြို့နယ် သသာန်ကူး၊ လွန်းကဲနှင့် ကထန်းရွာသစ်ကျေးရွာ တို့တွင်လည်း စစ်ကောင်စီတပ်နှင့် PNO တပ်များသည် စစ်ကြောင်းများဖြင့် လှုပ်ရှားလျက်ရှိပြီး ကျေးရွာများအတွင်းရှိနေအိမ်များကို ဖောက်ထွင်းဖျက်စီးခြင်း၊ ကက်သလစ် မယ်တော်ဂူကိုလည်း ဖျက်စီးခြင်းများပြုလုပ်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် ရိက္ခာနှင့်လက်နက်ခဲယမ်းများ ဖြည့်တင်းရန်အတွက် ၄င်းမြို့နယ်နှစ်ခုအတွင်း၊ ထောက်ပို့ယာဉ်တန်းများ၊လုံခြုံရေးစစ်ကြောင်းများဖြင့် သွားလာလှုပ်ရှားလျက်ရှိရာ လမ်းခုလတ်တွင် ကရင်နီပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ မော်တော်ယာဉ်များ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ဖရူဆို-ဘောလခဲ လမ်မကြီးအား စစ်ကောင်စီတပ်မှ ထောက်ပို့နှင့် စစ်ကူပို့ရေး အသုံးပြုနိုင်ရေးအတွက် ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးလျက်ရှိသည်ဟုလည်းသုံးသပ်​​ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ်တွင်မှု နန်းမယ်ခုံမှ ဒေါငံခါးနှင့် ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်များ ခြေကုပ်ယူ တပ်စွဲထားသော်လည်း၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲများငယ်များ နေ့စဥ်နှင့်အမျှ ဖြစ်ပွားနေသည်ဟု KNDFက ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကာင်စီတပ်များသည် လွိုင်ကော်မြို့အထွက် ကျေးရွာများတွင် တင့်ကားများ နှင့် တပ်အင်အားဖြန့်ထားသဖြင့် နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။