Connect with us

Hi, what are you looking for?

သတင်း

ပါကစ္စတန်လေတပ်နည်းပညာရှင်အဖွဲ့ စစ်ကောင်စီလေတပ်ကိုသင်တန်းပေးဖို့ရှိနေ

JF -17 တိုက်လေယာဉ်ဟာ တရုတ်နဲ့ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ဝယ်ယူခဲ့ပါတယ်။

JF−17 တိုက်လေယာဉ်
JF−17 တိုက်လေယာဉ်

မြန်မာစစ်ကောင်စီ ရဲ့ တိုက်လေယာဉ်မှူးတွေကို သင်တန်းပေးဖို့အတွက် ပါကစ္စတန်လေတပ်က နည်းပညာရှင် ၁၅ ဦးပါဝင်တဲ့အဖွဲ့ဟာ မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဖော်ပြပါတယ်။

အဲဒီပါကစ္စတန်လေတပ်က နည်းပညာရှင်အဖွဲ့ဟာ JF − 17 တိုက်လေယာဉ်တွေမောင်းနှင်တာနဲ့ပတ်သက်ပြီး မိတ္ထီလာလေတပ်ကို သွားရောက်သင်တန်းပို့ချမှာပါ။

အဲဒီနောက် မင်္ဂလာဒုံလေတပ်စခန်းကိုလည်းသွားရောက်ဖို့ရှိပြီး JF 17 လေယာဉ်တွေကို ပြုပြင်ရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေအတွက် စစ်ကောင်စီလေတပ်ကိုကူညီဖို့ရှိနေပါတယ်။

JF -17 တိုက်လေယာဉ်ဟာ တရုတ်နဲ့ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ဝယ်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို ပစ်သတ်တာ ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေက တိုက်တွန်းတာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလအတွင်း ပါကစ္စတန်လေတပ်ကုန်တင်လေယာဉ်တစ်စီးဟာ JF- 17 တိုက်လေယာဉ်အစိတ်အပိုင်းတွေကို စစ်ကောင်စီလေတပ်အတွက်ပေးပို့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။