Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် ခြံဝန်းအတွင်းကျနေသော လက်နက်ကြီးကျည်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

“အဲဒီအမျိုးသမီးကြီးက သူ့ခြံထဲတံမြက်စည်းလှဲနေတာပေါ့။ ခြံထဲပတ်လှဲတော့ မပေါက်သေးတဲ့ လက်နက်ကြီးကျည်တစ်လုံး သွားတွေ့တယ်။ ဒါကိုသူက ကောက်ပစ်မယ်အလုပ်မှာ ပေါက်ကွဲသွားတာ”ဟု IR Team မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(မဲဇာရွာတစ်နေရာအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(မဲဇာရွာတစ်နေရာအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ဖြစ်ဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ခြံဝန်းအတွင်းကျနေသော လက်နက်ကြီးကျည် ထပေါက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း Indaw Revolution-IR က ယနေ့(ဇွန် ၆) ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၂ နာရီခန့်က အင်းတော်မြို့နယ် မဲဇာရွာရှိ အသက်(၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးသည် ၎င်း၏နေအိမ်ခြံဝန်းအတွင်း ကျရောက်နေသော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ကိုင်၍ ပစ်မည်ပြုစဥ် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

“အဲဒီအမျိုးသမီးကြီးက သူ့ခြံထဲတံမြက်စည်းလှဲနေတာပေါ့။ ခြံထဲပတ်လှဲတော့ မပေါက်သေးတဲ့ လက်နက်ကြီးကျည်တစ်လုံး သွားတွေ့တယ်။ ဒါကိုသူက ကောက်ပစ်မယ်အလုပ်မှာ ပေါက်ကွဲသွားတာ”ဟု IR Team မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလက်နက်ကြီးကျည်မှာ လွန်ခဲ့သောသုံးရက်ခန့်က စစ်ကောင်စီလက်အောက်ခံ မဲဇာနယ်မြေရဲစခန်းမှ ရမ်းသမ်းပစ်ခတ်ထားသည့် ကျည်ဖြစ်ပြီး 79 ကျည်အမျိုးအစားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသော မဲဇာရွာသူအမျိုးသမီးတွင် ၎င်း၏အမျိုးသားနှင့်အတူ သမီးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။