Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာကျုးကျော်လို့ဆိုကာ နေအိမ်တွေ ဖျက်ခံရတဲ့ရပ်ကွက်က ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

အကြော်ဆိုင်ကို အမျိုးသားနဲ့အမျိုးသမီး ဆိုင်ကယ်နဲ့ရောက်လာပြီးအမျိုးသမီးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပြပါတယ်။

ရာအိမ်မှူးပစ်သတ်ခံရတဲ့အကြော်ဆိုင်
ရာအိမ်မှူးပစ်သတ်ခံရတဲ့အကြော်ဆိုင်

မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီ က ကျုးကျော်လို့စွပ်စွဲပြီး နေအိမ်တွေဖယ်ရှားရှင်းလင်းခံရတဲ့ ရပ်ကွက် က ရာအိမ်မှူးတစ်ဦး ဒီနေ့မနက်ပိုင်း သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်သတ်ခံရတဲ့ ရာအိမ်မှူးဟာ ရဲဘော်ကွက်သစ် ရဲ့ ရာအိမ်မှူးဦးသန်းစိုးဖြစ်ပြီး နေအိမ်ရှေ့မှာ သားဖြစ်သူနဲ့အကြော်ရောင်းနေချိန် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာပါ။

အကြော်ဆိုင်ကို အမျိုးသားနဲ့အမျိုးသမီး ဆိုင်ကယ်နဲ့ရောက်လာပြီးအမျိုးသမီးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပြပါတယ်။

သေနတ်နဲ့သုံးချက်ပစ်သွားတာဖြစ်ပြီး ရာအိမ်မှူးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လပိုင်းတုန်းက စစ်အုပ်စုဟာ ရဲဘော်ကွက်သစ်ကို မဟာဓာတ်အားလိုင်းနဲ့မလွတ်လို့ဆိုကာကျူးကျော်သတ်မှတ်ပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။