Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် ကျေးရွာ​နေပြည်သူများအားခြိမ်းခြောက်နေသည့် သွေးသောက်အဖွဲ့ဝင် ပျူတစ်ဦးကို သုတ်သင်ရှင်းလင်း

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်များ၊ ပျူစောထီးများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန် ထပ်မံ မေတ္တာရပ်ခံထားသည်။

မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာ​နေပြည်သူများအား လက်နက်ကိုင်ခြိမ်းခြောက် ဖမ်းဆီးမှုများ ပြုလုပ်နေသည့် သွေးသောက်အဖွဲ့ဝင် ပျူစောထီးတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် – NYSGFက သတင်းထုတ်ပြန်သည်။

ယနေ့(ဇွန်လ ၆ရက်) နံနက် ၉နာရီခွဲခန့်က မြင်းခြံမြို့နယ် ဆီမီးခုံမြို့အနီး ပျူစောထီးများ သောင်းကြမ်းရမ်းကားလျက်ရှိသော ဆုံရွာ – ကွေ့ကြီး ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ (သွေးသောက်အဖွဲ့ဝင်) နိုင်ဝင်းဆိုသူအား သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် – NYSGFက အသိပေးသည်။

နောင်ရိုးအထူးပြောက်ကျားတပ် – NYSGF ၊ Ngazun Hero နှင့် Ngazun Fight Stars ညီနောင်သုံးဖွဲ့ ပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီအားကိုးဖြင့် ကျေးရွာပြည်သူ လူထုအပေါ် မတရားအနိုင်ကျင့်ဗိုလ်ကျခြင်း ၊ ရွာသူရွာသားများအပေါ် ဖိအားပေးခြိမ်းခြောက်ခြင်း စခများခေါ်ပီး ဖမ်းခိုင်းခြင်း ပျုသင်တန်း ဆင်းထားပြီး လက်နက်ကိုင်ဆောင်ထားသူတစ်ယောက်လဲ ဖြစ်ပါတယ်။ ပြောရရင် သွေးသောက်အဖွဲ့ဝင် တစ်ဦးလဲဖြစ်ပါတယ်။ သူ့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကျရရှာတဲ့ ပြည်သူတွေလည်းအများကြီးရှိပါတယ်။ ဆုံရွာ-ကွေ့ကြီး ဆိုတာ စကစလက်အောက်ခံ ပျူဒလန်များကြီးစိုးရာ ရွာများဖြစ်ပါတယ်။”ဟု နောင်ရိုးအထူးပြောက်ကျားတပ် – NYSGF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

နောက်နောင်တွင်လည်း မြင်းခြံခရိုင်အတွင်းရှိ စစ်​ကောင်စီလက်အောက်ခံ ပျူစောထီးများကို ထိထိရောက်ရောက် ဆုံးမပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။