Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဥပဒေရေးဆွဲရာတွင် အဆိုပါ CDM ရဲအရာရှိများ၊ အရာရှိဟောင်းများ၊ ဥပဒေကျွမ်းကျင်သူများ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ
ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးရန် “ပြည်သူ့ရဲတပ်ဖွဲ့”ကို ဖွဲ့စည်းလိုက်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ရေးဆွဲခဲ့ပြီး ယင်းဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတစ်ရပ်လုံး ယုံကြည်လက်ခံသော ရဲတပ်ဖွဲ့ဖြစ်ပေါ်လာစေရန်အတွက်လည်း ရည်ရွယ်ဖွဲ့စည်းသည်ဟု ဖော်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဥပဒေရေးဆွဲရာတွင် အဆိုပါ CDM ရဲအရာရှိများ၊ အရာရှိဟောင်းများ၊ ဥပဒေကျွမ်းကျင်သူများ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook