Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဥပဒေရေးဆွဲရာတွင် အဆိုပါ CDM ရဲအရာရှိများ၊ အရာရှိဟောင်းများ၊ ဥပဒေကျွမ်းကျင်သူများ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ
ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးရန် “ပြည်သူ့ရဲတပ်ဖွဲ့”ကို ဖွဲ့စည်းလိုက်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို ရေးဆွဲခဲ့ပြီး ယင်းဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတစ်ရပ်လုံး ယုံကြည်လက်ခံသော ရဲတပ်ဖွဲ့ဖြစ်ပေါ်လာစေရန်အတွက်လည်း ရည်ရွယ်ဖွဲ့စည်းသည်ဟု ဖော်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဥပဒေရေးဆွဲရာတွင် အဆိုပါ CDM ရဲအရာရှိများ၊ အရာရှိဟောင်းများ၊ ဥပဒေကျွမ်းကျင်သူများ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။