Connect with us

Hi, what are you looking for?

သတင်း

တန့်ကြည်တောင်ကိုဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ်ပစ်ခတ်ခံရပြီး အမျိုးသားကြီးတစ်ဦး သေဆုံး

သေနတ်ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုပြုလုပ်ဖို့ ပုဂံဘက်ခြမ်းကို သယ်ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားပါတယ်။

တန့်ကြည်တောင်ကိုဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ်ပစ်ခတ်ခံရပြီး အမျိုးသားကြီးတစ်ဦး သေဆုံး
တန့်ကြည်တောင်ကိုဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ်ပစ်ခတ်ခံရပြီး အမျိုးသားကြီးတစ်ဦး သေဆုံး

ဧရာဝတီမြစ်တဖက်ကမ်းမှာရှိတဲ့ နာမည်ကျော် တန့်ကြည်တောင်ကို ဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ် ဟာ ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ရပြီး ကားခေါင်းခန်းမှာလိုက်ပါလာ တဲ့ အမျိုးသားတစ်ဦးသေဆုံးသွား တယ်လို့သိရပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲမှာရှိတဲ့ တန့်ကြည်တောင်ကို ဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ယာဉ်ဟာ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံရတာပါ။

Public Service Announcement

ဟိုက်ဂျက်ယာဉ်ပေါ်မှာ လူ ၇ ဦးလိုက်ပါလာပြီး သေနတ်မှန်ပြီး ဆုံးပါးသွားသူဟာ ကားခေါင်းမှာ ယာဉ်မောင်းဘေးက လိုက်ပါလာတဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသားကြီးဖြစ်ပါတယ်။ ကျန်တဲ့သူတွေတော့ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

သေနတ်ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုပြုလုပ်ဖို့ ပုဂံဘက်ခြမ်းကို သယ်ဆောင်ခဲ့ပေမယ့် အသက်သေဆုံးသွားပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်နဲ့အပစ်ခံရသူဟာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ရှောင်တောမော်ရွာမှာနေထိုင်သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။