Connect with us

Hi, what are you looking for?

သတင်း

ပြည်သူခြောက်ဦးနှင့်အတူ အသက်ပေးလှူသွားသည့် ရဲဘော် ချမ်းကိုနှင့် နန္ဒတို့အတွက် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝမ်းနည်း​ကြောင်း သဝဏ်လွှာထုတ်ပြန်

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရသည်ဟု အသိပေးသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝမ်းနည်း​ကြောင်း သဝဏ်လွှာ
ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝမ်းနည်း​ကြောင်း သဝဏ်လွှာ

တာဝန်ထမ်းဆောင်စဥ် စစ်ကောင်စီနှင့် ပျူစောထီးများ၏ဖမ်းဆီးခြင်းခံရပြီး ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် အခြားပြည်သူ ​ခြောက်ဦးနှင့်အတူအသက် ပေးလှူသွားသည့် ရဲဘော်ချမ်းကို နှင့် ရဲဘော် နန္ဒတို့အတွက် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)က ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၇ ရက်)က ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထုတ်လုပ်ရေးဌာနခွဲမှ ရဲဘော် ချမ်းကို၊ ရဲဘော်နန္ဒတို့သည် ဝယ်ယူရေးတာဝန်ထမ်းဆောင်ရင်း နံနက် ၇ နာရီခန့်တွင် ကံကြီးကုန်းပျူစောထီးရွာမှ ဖမ်းဆီးခြင်းကိုခံခဲ့ရ ခြင်းဖြစ်သည်။

ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် အခြားပြည်သူ ​ခြောက်ဦးနှင့်အတူ ညနေပိုင်း၌ နိုင်ငံတော်အတွက်အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း CHU PDF က ဆိုသည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျဆုံးအာဇာနည်ရဲဘော်များဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက် လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CHU PDFက ကတိပြုသည်။

ချောင်းဦးမြို့နယ်တွင် နှစ်ဖက်ထိတွေ့မှုများမကြာခဏ ရှိနေပြီး ယခုလ ၅ ရက်က ချောင်းဦးမြို့နယ်တပါယ်အင်းရွာကို စစ်ကောင်စီနှင့် ပျူစောထီးများ မီးရှို့ပြီး နောက် ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးမီးရှို့အသတ်ခံခဲ့ရသည်။

အလားတူ ချောင်းဦးမြို့နယ်၊ကံဇီးရွာအနီး တော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲပစ်ခတ်မှုများ ကြောင့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့မှ ၂၀ခန့် သေဆုံးကြောင်း ဇွန်လ၅ ရက်တွင် Farmers Revolution Force FRF (CHU)ကထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။