Connect with us

Hi, what are you looking for?

သတင်း

ပြည်သူခြောက်ဦးနှင့်အတူ အသက်ပေးလှူသွားသည့် ရဲဘော် ချမ်းကိုနှင့် နန္ဒတို့အတွက် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝမ်းနည်း​ကြောင်း သဝဏ်လွှာထုတ်ပြန်

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရသည်ဟု အသိပေးသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝမ်းနည်း​ကြောင်း သဝဏ်လွှာ
ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝမ်းနည်း​ကြောင်း သဝဏ်လွှာ

တာဝန်ထမ်းဆောင်စဥ် စစ်ကောင်စီနှင့် ပျူစောထီးများ၏ဖမ်းဆီးခြင်းခံရပြီး ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် အခြားပြည်သူ ​ခြောက်ဦးနှင့်အတူအသက် ပေးလှူသွားသည့် ရဲဘော်ချမ်းကို နှင့် ရဲဘော် နန္ဒတို့အတွက် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)က ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၇ ရက်)က ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထုတ်လုပ်ရေးဌာနခွဲမှ ရဲဘော် ချမ်းကို၊ ရဲဘော်နန္ဒတို့သည် ဝယ်ယူရေးတာဝန်ထမ်းဆောင်ရင်း နံနက် ၇ နာရီခန့်တွင် ကံကြီးကုန်းပျူစောထီးရွာမှ ဖမ်းဆီးခြင်းကိုခံခဲ့ရ ခြင်းဖြစ်သည်။

ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် အခြားပြည်သူ ​ခြောက်ဦးနှင့်အတူ ညနေပိုင်း၌ နိုင်ငံတော်အတွက်အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း CHU PDF က ဆိုသည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက် ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျဆုံးအာဇာနည်ရဲဘော်များဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက် လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CHU PDFက ကတိပြုသည်။

ချောင်းဦးမြို့နယ်တွင် နှစ်ဖက်ထိတွေ့မှုများမကြာခဏ ရှိနေပြီး ယခုလ ၅ ရက်က ချောင်းဦးမြို့နယ်တပါယ်အင်းရွာကို စစ်ကောင်စီနှင့် ပျူစောထီးများ မီးရှို့ပြီး နောက် ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးမီးရှို့အသတ်ခံခဲ့ရသည်။

အလားတူ ချောင်းဦးမြို့နယ်၊ကံဇီးရွာအနီး တော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲပစ်ခတ်မှုများ ကြောင့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့မှ ၂၀ခန့် သေဆုံးကြောင်း ဇွန်လ၅ ရက်တွင် Farmers Revolution Force FRF (CHU)ကထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျဆုံးရဲ​ဘော်​တွေရဲ့မိသားစု​တွေကိုလည်းဂုဏ်ပြုချီးမြှင့်​ငွေ​​ပေးအပ်

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေအနေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက ခွင့်ပြုချက်ရယူပြီးမှသာ လှုပ်ရှားဆောင်ရွက်ကြဖို့ အဆိုပါအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။