Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေအုပ်ချုပ်နယ်မြေထဲက စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေပိုတိုးလာနေ

ကေအဲန်ယူလက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေများပြားလာလို့ ကျောင်းဆောင်တွေထပ်တိုးတည်ဆောက်ရပြီး ကျောင်းဆရာဆရာမတွေလည်းလိုအပ်ချက်ရှိတယ်လို့ ကရင်ကျောင်းသားများကွန်ယက်(KSNG)က သတင်းပြန်ကြားရေးတာဝန်ခံ စောအဲ့ကညောက အခုလိုပဲပြောပြပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း
ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေ ပိုတိုးများလာပြီး နေရာထိုင်ခင်းနဲ့ ဘော်ဒါဆောင်တွေ အခက်အခဲရှိနေတယ်လို့ ကေအဲန်-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

အခုပညာသင်နှစ်အတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေတွေဟာ အရင်ပညာသင်နှစ်ထက် ပိုမိုတိုးများလာပြီး အထက်တန်းအဆင့် စာသင်ကျောင်းမှာတင် ကျောင်းသားဦးရေ ၁၀၀၀ ကျော်အထိရှိလာတယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း
ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း

“အထက်တန်းကျောင်းက ကျောင်းသားဦးရေ ၁၀၀၀ ကျော်အထိရှိလာတယ်။ ကျောင်းသားတိုးလာတဲ့အကြောင်းရင်းက အချက်နှစ်ချက်ပဲရှိတယ်။ စစ်အာဏာသိမ်းလိုက်တော့ ကျောင်းတွေက ကိုးရိုးကားယားဖြစ်ကုန်တယ်။ ပြည်တွင်းထဲမှာရှိတဲ့ ကျောင်းတွေကမတက်နိုင်။ ဒုတိယတချက်က ကိုဗစ်ဖြစ်လိုက်တော့ ပိုဆိုးသွားတယ်။ အဲ့ဒီမှာ နီးစပ်ရာတွေကျတော့ အစိုးရကျောင်းတွေကလည်း ဟုတ်တိပတ်တိမတက်နိုင်တော့ ကျနော်တို့ဆီကိုလာတာ ဟိုးမနှစ်ကတည်းက ဖြစ်နေတယ် အဲ့ဒီအခြေအနေက” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူလက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေများပြားလာလို့ ကျောင်းဆောင်တွေထပ်တိုးတည်ဆောက်ရပြီး ကျောင်းဆရာဆရာမတွေလည်းလိုအပ်ချက်ရှိတယ်လို့ ကရင်ကျောင်းသားများကွန်ယက်(KSNG)က သတင်းပြန်ကြားရေးတာဝန်ခံ စောအဲ့ကညောက အခုလိုပဲပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း
ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း

“ကျနော့်အထင်တော့ စစ်ကောင်စီကျောင်းက အခြေအနေမကောင်းဘူးလေ အဲ့လိုလည်းသိရတယ်။ နိုင်ငံရေးကလည်း မကောင်းဘူး။ နေရာမလောက်ဘူး အဲ့ဒါကြောင့် နေရာတွေဆောက်ရတယ်။ ကျောင်းသားများတော့ ဆရာဆရာမတွေလည်း လိုလာတယ်”လို့ စောအဲ့ကညောက ဆိုပါတယ်။

ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန(KECD)လက်အောက်ခံ စာသင်ကျောင်းနဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေဟာ (၁၀၀၀၀၀) နီးပါးရှိနေတယ်လို့ ပဒိုစောတောနီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း
ကော်သူးလေအုပ်ချုပ်နယ်မြေစာသင်ကျောင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းမှာ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတွေအပြင် ဂျူနီယာကောလိပ်ကျောင်း(၁၀)ကျောင်းနဲ့ ဆရာအတတ်သင်ကျောင်းနှစ်ကျောင်းလည်းရှိပြီး ကေအဲန်ယူစာသင်ကျောင်းတွေမှာ ကရင်၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ ပထဝီ စတဲ့ဘာသာရပ်တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။