Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် စစ်​ကောင်စီတပ်က ပြည်သူ​လေးဦးကို​ပြေးခိုင်းပြီး​သေနတ်ဖြင့်ပစ်သတ်

ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။

(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)
(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ​လေးဦးအားပြေးခိုင်းပြီး ​နောက်မှ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၅ရက်နေ့ကမြင်းမူမြို့နယ်၊ကန်ဖျားရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းသုံးလုံးဆွဲကာ တိုက်ခိုက်ခံခဲ့ရသည်။

ထို​နောက်ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ထီးဆောင်းရွာမှ ကန်ဖျားရွာဘက်ကိုအင်အား ၈၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာပြီး ကန်ဖျားရွာတောထဲရှိ​တွေ့​သောတဲများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကန်ဖျားရွာသားတစ်ဦးကိုလည်းပစ်ခတ်သတ်ဖြတ်ခဲ့​ကြောင်း ​​​​ဒေသခံများက ပြောသည်။

ထို့နောက် ရွာသားအချို့အားဖမ်းဆီးပြီး ရွာသားလေးဦးအား ပြေးခိုင်းပြီး ​နောက်မှ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အရပ်သားလက်နက်မဲ့လူငယ်များကိုပါ မင်းတို့လွတ်အောင်ပြေးဟုဆိုပြီး အမဲလိုက်သလိုပစ်ခတ်ကြတာကြောင့်ရွာသား ၄ ဦး သေဆုံးတယ်လို့ကနဦးကြားသိခဲ့ရပါတယ်”ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်သည်။

(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)
(အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပြည်သူအချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့်အဆောက်အအုံများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-PAFD)

ထိုအပြင် ​ဒေသခံတစ်ဦးကလည်း “ရွာကဦးလေးကြီးတစ်ယောက်က ဖိနပ်ကို ကုန်းကောက်လိုက်ချိန်မှာ စစ်သားတစ်ယောက်က မြင်သွားတော့ ပြေးမယ်လို့ထင်ပြီး အဲဒီလူကြီးကို ပါးစပ်ကိုဟခိုင်းတယ် ။ပါးစပ်ထဲကိုပဲ သေနတ်ထိုးထည့်ပြီး ပစ်ထည့်လိုက်တယ်။ နောက်အမျိုးသမီးတစ်ဦးကိုလည်း လက်ကိုင်အိပ်ထဲ ရှိသမျှ ထုတ်ခိုင်းလိုက်တာ ရွှေနဲ့ ငွေ အမြောက်များထွက်လာလို့ အတင်းအဓမ္မလုယူသွားပါတယ် ။ စုစုပေါင်းကာလတန်ဖိုးကတော့ သိန်းတစ်ရာ လောက်ရှိတယ်။”ဟု စစ်​ကောင်စီတပ်က ပြည်သူများအ​ပေါ်ကျူးလွန်ပုံကိုပြောသည်။

အကြမ်းဖက်စစ်တပ်သည် အထက်ပါသတ်ဖြတ်ခံရသူများအပါအဝင် ကန်ဖျားရွာမှ ပြည်သူစုစုပေါင်း (၇)ဦးအားသတ်ဖြတ်သွားပြီး ဓားစာခံ(၁၁)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)က ပြောသည်။

ကန်ဖျားရွာတောကျောင်း မြတ်စောညီနောင် ဘုရားအာရုံခံတန်ဆောင်း ၊ တောရကျောင်းနှင့် ဘုရားပတ်လည်တောတဲများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ကမီးရှို့ခဲ့ကြပြီး စေတီသာမီးမလောင်ဘဲကျန်ခဲ့ကြောင်းမြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။