Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီးနောက် စစ်ကောင်စီ၏ ယန္တရားတွင်ပါဝင်လုပ်ကိုင်နေသော ဝန်ထမ်းများစာရင်း ရရှိထာဟု ထုတ်ပြန်

ခံဝန်ကတိပါ သဘောတူညီချက်ကို ချိုးဖောက်သူဝန်ထမ်းများကို ယခုလ ၆ရက်က ပြုလုပ်ခဲ့သော ဆောမြို့နယ် CDM ဦးဆောင်ကော်မတီ၏ သဘောတူညီချက်များအတိုင်း အရေးယူမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ကတိဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း ခံဝန်လွှာပေးပို့ပြီး‌နောက် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ငန်းယန္တရားတွင်ဆက်လက်ပါဝင် လုပ်ကိုင်နေသော ဝန်ထမ်းများစာရင်း ရရှိထားပြီဖြစ်ကြောင်း ဆော(ပအဖ)က ယနေ့(ဇွန်လ ၉ ရက်) ထုတ်ပြန်သည်။

“ဆောမြို့နယ်ထဲမှာ စစ်ကောင်စီအလုပ်လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို လက်ခံထားရှိသွားမှာမဟုတ်ဘဲ ထိုက်သင့်တဲ့အရေးယူမှုတွေပြုလုပ်သွားမှာပါ။
တိကျတဲ့မူဝါဒအရ စစ်ကောင်စီသတင်းပေးမလုပ်သရွေ့တော့ အသက်အန္တရာယ်ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။ တခြား ထိရောက်တဲ့အရေးယူမှုကိုပဲပြုလုပ်သွားမှာပါ”ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း ခံဝန်ကတိဖြင့် ခံဝန်လွှာ ပို့ပေးပြီးနောက် ဆောမြို့နယ်ပြင်ပသို့ သွားရောက်ပြီး စစ်ကောင်စီ၏ ယန္တရားတွင် ပါဝင်နေသူများရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ခံဝန်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံထားသူများသည် မြို့နယ်ပြင်ပသို့ ကိစ္စကြီး၊ငယ်ဖြင့် သွားရောက်မည်ဆိုပါက ယနေ့မှစ၍ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊တိုက်နယ်အုပ်ချုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များသို့အကြောင်းကြားရန် အသိပေးသည်။

Public Service Announcement

Public Service Announcement

ခံဝန်ကတိပါ သဘောတူညီချက်ကို ချိုးဖောက်သူဝန်ထမ်းများကို ယခုလ ၆ရက်က ပြုလုပ်ခဲ့သော ဆောမြို့နယ် CDM ဦးဆောင်ကော်မတီ၏ သဘောတူညီချက်များအတိုင်း အရေးယူမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အရေးယူမှုများကို ခံဝန်ကတိချိုးဖောက်သူများထံ လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။