Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီးနောက် စစ်ကောင်စီ၏ ယန္တရားတွင်ပါဝင်လုပ်ကိုင်နေသော ဝန်ထမ်းများစာရင်း ရရှိထာဟု ထုတ်ပြန်

ခံဝန်ကတိပါ သဘောတူညီချက်ကို ချိုးဖောက်သူဝန်ထမ်းများကို ယခုလ ၆ရက်က ပြုလုပ်ခဲ့သော ဆောမြို့နယ် CDM ဦးဆောင်ကော်မတီ၏ သဘောတူညီချက်များအတိုင်း အရေးယူမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ကတိဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း ခံဝန်လွှာပေးပို့ပြီး‌နောက် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ငန်းယန္တရားတွင်ဆက်လက်ပါဝင် လုပ်ကိုင်နေသော ဝန်ထမ်းများစာရင်း ရရှိထားပြီဖြစ်ကြောင်း ဆော(ပအဖ)က ယနေ့(ဇွန်လ ၉ ရက်) ထုတ်ပြန်သည်။

“ဆောမြို့နယ်ထဲမှာ စစ်ကောင်စီအလုပ်လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို လက်ခံထားရှိသွားမှာမဟုတ်ဘဲ ထိုက်သင့်တဲ့အရေးယူမှုတွေပြုလုပ်သွားမှာပါ။
တိကျတဲ့မူဝါဒအရ စစ်ကောင်စီသတင်းပေးမလုပ်သရွေ့တော့ အသက်အန္တရာယ်ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။ တခြား ထိရောက်တဲ့အရေးယူမှုကိုပဲပြုလုပ်သွားမှာပါ”ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပြည်သူ့ရင်ခွင်ခိုလှုံကြောင်း ခံဝန်ကတိဖြင့် ခံဝန်လွှာ ပို့ပေးပြီးနောက် ဆောမြို့နယ်ပြင်ပသို့ သွားရောက်ပြီး စစ်ကောင်စီ၏ ယန္တရားတွင် ပါဝင်နေသူများရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ခံဝန်ဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံထားသူများသည် မြို့နယ်ပြင်ပသို့ ကိစ္စကြီး၊ငယ်ဖြင့် သွားရောက်မည်ဆိုပါက ယနေ့မှစ၍ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊တိုက်နယ်အုပ်ချုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များသို့အကြောင်းကြားရန် အသိပေးသည်။

Public Service Announcement

Public Service Announcement

ခံဝန်ကတိပါ သဘောတူညီချက်ကို ချိုးဖောက်သူဝန်ထမ်းများကို ယခုလ ၆ရက်က ပြုလုပ်ခဲ့သော ဆောမြို့နယ် CDM ဦးဆောင်ကော်မတီ၏ သဘောတူညီချက်များအတိုင်း အရေးယူမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အရေးယူမှုများကို ခံဝန်ကတိချိုးဖောက်သူများထံ လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။