Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးအပါအဝင်တရားသူကြီး ခုနှစ်ဦး စစ်ကောင်စီအောက်တွင် မတရား စီရင်နေခြင်းများရပ်တန့်ရန်နှင့် ပြည်သူနှင့်ပူးပေါင်းရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့
ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့

ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးအပါအဝင်တရားသူကြီး ခုနှစ်ဦးကို စစ်ကောင်စီအောက်တွင် မတရားစီရင်နေခြင်းများ ရပ်တန့်ရန်နှင့် ပြည်သူနှင့်ပူး ပေါင်းရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး တိုက်တွန်းလိုက်သည်။

ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုး၊ ဒုတိယခရိုင်တရားသူကြီးများ​ဖြစ်သော ဦးကျော်ဝေလင်း၊ ဦးနေမျိုးထွန်းနှင့် ဦးဆန်းထွန်းဦး မြို့နယ်တရားသူကြီး ဒေါ်ယမင်းသန့် ၊တွဲဘက်မြို့နယ်တရားသူကြီးဒေါ်ဝင့်ဝါကျော်နှင့် ဦးသက်ပိုင်မှူးတို့ကို ရွှေဘိုမြို့နယ်လွတ်လပ်သောထာက်ပို့ရေးအဖွဲ့က ဇွန်လ ၈ ရက်နေ့စွဲဖြင့် သတိပေးချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့
ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

၎င်းတို့ ခုနှစ်ဦးသည် နွေဦးတော်လှန်ရေးတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် အပြစ်မဲ့ပြည်သူများအားပုဒ်မမျိုးစုံတပ်ကာ မတရားသဖြင့် အမှုဖွင့်စီရင်ခဲ့ကြသူများဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အာဏာရှင်စနစ် သက်ဆိုးရှည်အောင် တော်လှန်ရေး ရဲဘော်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို မတရားသော ဥပဒေတွေနဲ့ ထောင်သွင်းအကျဉ်းချနေတဲ့ တရား စီရင်ရေးဝန်ထမ်းများ”ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ​ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး စစ်ကောင်စီ အုပ်ချုပ်၍မရသော စစ်ကိုင်းတိုင်းတွင် ၂၀၂၁ ဒီဇင်ဘာကလည်း ထီးချိုင့်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်မို့မို့အေးကို တော်လှန်ရေးအင်အားစုများက အလား တူ သတိပေးမှုမျိုး ပြုလုပ်ခဲ့သည်။ သတိပေးချက်ထွက်ပေါ်လာပြီးနောက် ဒေါ်မို့မို့အေးသည် ထီးချိုင့်မြို့တွင် မနေရဲတော့ဘဲ ရက်အနည်းငယ်အကြာတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့သို့ ပြောင်းရွှေ့ခဲ့ရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။