Connect with us

Hi, what are you looking for?

သတင်း

NUGမိုဘိုင်းPayမိတ်ဆက်မည်ဟုသတင်းထွက်​ပေါ်လာချိန်တွင်စစ်​ကောင်စီက​ငွေပေးချေမှုစနစ်နှင့်ပတ်သပ်၍ခြိမ်းခြောက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

People's Spring
People's Spring

NUGက မိုဘိုင်းငွေပေးချေစနစ် စတင် မိတ်ဆက်မည် သတင်းထွက်ပေါ်လာပြီးနောက် စစ်​ကောင်စီက၎င်းတို့ထိန်းချုပ်မထားသည့် မိုဘိုင်းငွေပေးချေမှု စနစ်များကို အသုံးပြုပါက ထောင် ၂ နှစ်နှင့် ငွေဒဏ် သိန်း ၁၀၀၀ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကခြိမ်းခြောက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့်ဗဟိုဘဏ်မှ ခွင့်ပြုထားခြင်း မရှိသည့် Mobile Pay, Mobile Wallet နှင့်ငွေပေးချေမှုလုပ်ငန်းများက အချင်းချင်းငွေသားလွဲပြောင်းခြင်း၊ ကုန်စည်ရောင်းဝယ်မှုများစသည့်တို့တွဲ၍လုပ်ကိုင်နိုင်ကြောင်း လူမှုကွန်ယက်များတွင် ကြေငြာလာသည်ဟု​ဖော်ပြထားသည်။

စစ်​ကောင်စီ၏ ဗဟိုဘဏ်မှခွင့်မပြုသောMobile Pay, Mobile Wallet များကိုအသုံးပြုပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၇၂ဖြင့်အရေးယူမည်ဟုဆိုသည်။ အဆိုပါဥပဒေအရ တားမြစ်ချက်ကို မလိုက်နာပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေကျပ် သိန်း ၁,၀၀၀ ကို ချမှတ်နိုင်သည်ဟုပြဌာန်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

NUGက တော်လှန်ရေး တစ်နှစ်ကျော်သက်တမ်းအတွင်း ပထမဆုံးငွေကြေးဝန်ဆောင်မှုဆိုင်ရာ အပလီကေးရှင်းကို ထုတ်ပြန်ရန်စီစဉ်နေပြီးထိုဝန်​ဆောင်မှုကို၂၀၂၁ နိုဝင်ဘာကလည်းက လူငယ်နည်းပညာရှင်များက ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုငွေပေးချေမှုကိုစနစ်ကို အသုံးပြုရန်အတွက် NUG Pay မိုဘိုင်းငွေပေးချေမှုကိုယ်စားလှယ်ကတစ်ဆင့် ငွေပေးသွင်းမှုများကိုဆောင်ရွက်ရမည်ဖြစ်သည်။ ထိုစနစ်သည် NUG Pay သုံးစွဲသူအချင်းချင်းကြား ငွေလွှဲခြင်း၊ ကုန်စည်ဝယ်ယူခြင်း စသည့်တို့တွင် အသုံးပြုနိုင်မည်ဟု​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့