Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထဲရေးဝန်ကြီးနှင့် စစ်ကိုင်း၊ မကွေးရှိ မြို့နယ်(ပအဖ)အဖွဲ့များ အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့နိုင်ရေး ဆွေးနွေး

လက်ရှိအထူးဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်မှုအပြင် မိမိတို့၏အုပ်ချုပ်ရေးနယ်မြေများတိုးချဲ့နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

NUG ပြည်ထဲရေးဝန်ကြီး
NUG ပြည်ထဲရေးဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ အတည်ပြုပြီးသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များ ယမန်နေ့က တွေ့ဆုံပြီး အုပ်ချုပ်ရေးနယ်မြေများတိုးချဲ့နိုင်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိအထူးဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်မှုအပြင် မိမိတို့၏အုပ်ချုပ်ရေးနယ်မြေများတိုးချဲ့နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ယခု ထပ်တိုးအတည်ပြုထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအတွက် မြေပြင်အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့်ပံ့ပိုးမှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

နယ်မြေအုပ်ချုပ်ရေးအတွက် အဓိကကျသည့် နယ်မြေလုံခြုံရေးခိုင်မာအားကောင်းစေရန် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေးကိုလည်း ဝန်ကြီးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထိုနည်းအတူ ဒေသအတွင်း ရှိနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်တွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အစည်းအဝေး တက်ရောက်လာသူများမှ မြေပြင်‌တွင်ကြုံတွေ့နေရသော အခက်အခဲနှင့် လိုအပ်ချက်များကိုတင်ပြဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် အခြေအနေများ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook