Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ ဒုက္ခများ၊ ပဋိပက္ခများအမြန်အဆုံးသတ်လိုပါက စစ်တပ်ကို တရားဝင်မှု မပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလ၌ တိုက်တွန်း

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကပ်ဘေးဒုက္ခကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တရားဝင် အရပ်သားအစိုးရအုပ်ချုပ်မှုတို့ မဖြစ်မနေ ပြန်လည်ရရှိရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတည်ထောင်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသည်။

သံအမတ်ကြီးဦးကျော်မိုးထွန်း
သံအမတ်ကြီးဦးကျော်မိုးထွန်း

တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို အသိအမှတ်ပြုထောက်ခံခြင်းက မြန်မာနိုင်ငံ၏ ပဋိပက္ခများနှင့် ပြည်သူများ၏ ဒုက္ခများကို အချိန်ကြာမြင့်စေမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယမန်နေ့တွင် ကုလသမဂ္ဂ၌ ပြောသည်။

စစ်တပ်အုပ်ချုပ်မှုတည်တံ့ရန် အထောက်အပံ့ဖြစ်စေမည့် ကာလတိုဖြေရှင်းမှုနည်းလမ်းအားလုံးသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော စစ်တပ်၏အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု သံသရာကိုအားပေးရာရောက်သည်ဟု သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံ၊ အလွတ်သဘော အစည်းအဝေးသို့ပြောသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကပ်ဘေးဒုက္ခကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တရားဝင် အရပ်သားအစိုးရအုပ်ချုပ်မှုတို့ မဖြစ်မနေ ပြန်လည်ရရှိရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတည်ထောင်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသည်။

အထက်ပါအလွတ်သဘောဆွေးနွေးပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လည်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း အထူးကိုယ်စားလှယ်က အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ညီညွတ်ပြတ်သားသည့် ဒေသတွင်းနှင့် နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှုကို လိုအပ်နေပြီး စစ်တပ်လိုလားတောင့်တသော တရားဝင်အသိအမှတ်ပြုမှုကို ကုလသမဂ္ဂအထွေ ထွေညီလာခံက မှန်ကန်စွာ ငြင်းပယ်ခဲ့သည့် ရပ်တည်ချက်ကို ဆက်လက်ဆောင် ရွက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ထို့အပြင် အာဆီယံက တရားမဝင်စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မပြုခဲ့သည့်အပေါ် အသိအမှတ်ပြုကြောင်းနှင့် ယင်းရပ်တည်ချက်ကို ဆက်လက်ထားရှိရန် တိုက် တွန်းသည်။

အာဆီယံသည် မြန်မာပြည်သူများကို ကိုယ်စားပြုသော တရားဝင်အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယုံကြည်မှုတည်ဆောက်နိုင်မည်ဟုမျှော်လင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

ယင်းနောက် စစ်တပ်ကျူးလွန်သော ဆိုးဝါးသည့် နိုင်ငံတကာပြစ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ခံရမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆောင် ရွက်ပေးနိုင်ကြောင်း သံအမတ်ကြီး ထောက်ပြသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ အထူးလိုအပ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရန်၊ စစ်တပ်၏ ထပ်မံအကြမ်း ဖက်လုပ်ရပ်မှုများကို ရပ်တန့်ရန်၊ တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရေး ကြိုးပမ်းမှုတွင် ကူညီပေးရန် အချက်များကို သံအမတ်ကြီးက တောင်းဆိုသည်။

ဆက်လက်ပြီး ဒီမိုကရေစီရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆွေးနွေးရန်၊ ပြစ်မှုကျူးလွန်သူများ တာဝန်ခံမှုရှိစေရေး နိုင်ငံတကာကြိုးပမ်းဆောင်ရွက်မှုကို ဆက်လက်အားပေးရန်၊ မြန်မာစစ်တပ်အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကို နှစ်နိုင်ငံချင်းနှင့် နိုင်ငံတကာအလိုက် ချမှတ်ဆောင်ရွက်ရန်နှင့် စစ်တပ်အား လက်နက်တင်ပို့ရောင်းချမှုကို တားဆီးရန် တို့ကိုလည်း တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။