Connect with us

Hi, what are you looking for?

သတင်း

အရေးပေါ်ကာလပြဌာန်းချက် အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်မှုစနစ်ဆီ ပြန်သွားရန် နော်ဒစ် ၅ နိုင်ငံတိုက်တွန်း

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အာဆီယံတို့၏ အခန်းကဏ္ဍနှင့် ရပ်တည်ချက်ကို နော်ဒစ်နိုင်ငံများက အားပေးထောက်ခံကြောင်း ပြောသည်။

အရေးပေါ်ကာလပြဌာန်းချက် အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်မှုစနစ်ဆီ ပြန်သွားရန် နော်ဒစ် ၅ နိုင်ငံတိုက်တွန်း
အရေးပေါ်ကာလပြဌာန်းချက် အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်မှုစနစ်ဆီ ပြန်သွားရန် နော်ဒစ် ၅ နိုင်ငံတိုက်တွန်း

▪️စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ရှုတ်ချကြောင်းထုတ်ပြန်

နိုင်ငံတော်အရေးပေါ်ကာလပြဌာန်းချက်ကို အဆုံးသတ်ကာ အရပ်သားအစိုးရအုပ်ချုပ်မှုစနစ်ကို ပြန်လည်အသက်သွင်းရန် နော်ဒစ် ၅နိုင်ငံက တိုက်တွန်းလိုက်သည်။

ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၊ အလွတ်သဘောအစည်းအဝေးတွင် ဖင်လန်၊ အိုက်စလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်တို့က စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးသော ပုံစံဖြင့် ဆက်လက်ရှုတ်ချပြီး ဘက်ပေါင်းစုံပါဝင်သော အပြုသဘော နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ် ရေးအဖွဲ့အစည်းအားလုံးကို တိုက်တွန်းသည်။

အထက်ပါနော်ဒစ်နိုင်ငံများသည် အရပ်ဘက်အဖွဲ့အစည်းဝင်များ၊ အမျိုးသမီး၊ လူငယ်၊ ကလေး သူငယ်နှင့် အခြားသူများအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် သေစေနိုင်သော အင်အားသုံး၊ အကြမ်းဖက်မှုအပေါ် ရှုတ်ချကြောင်း ကြေညာသည်။

မည်သည့်နည်းလမ်းနှင့်ဖြစ်စေ အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် အဖွဲ့အစည်းအားလုံးကို တောင်းဆိုပြီး ကျူးလွန်သူများအနေဖြင့် တာဝန်ခံမှုရှိရမည်ဟု ထုတ် ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာစစ်တပ်၏ သေဒဏ်ချမှတ်ရန်အစီအစဉ်များကို လွန်စွာစိုးရိမ်ကြောင်းနှင့် ယင်း သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ ပုဒ်မ ၃ ကို ဆန့်ကျင်ချိုးဖောက်ခြင်းဖြစ်သည်ဟု နော်ဒစ်နိုင်ငံများက သတိပေးသည်။

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အာဆီယံတို့၏ အခန်းကဏ္ဍနှင့် ရပ်တည်ချက်ကို နော်ဒစ်နိုင်ငံများက အားပေးထောက်ခံကြောင်း ပြောသည်။

နော်ဒစ်နိုင်ငံများသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ဒီမိုကရေစီ၊ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းသော နိုင်ငံအတွက် မြန်မာပြည်သူများ၏ ထက်သန် သောဆန္ဒနှင့်အတူ ထပ်တူရှိကြောင်းဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ပါလက်စတိုင်း ပြည်သူတွေ ရရှိခံစားနေရတဲ့ ဒဏ်ရာတွေဟာ စစ်မြေပြင်မှာ စစ်သားတွေ ရနေတဲ့ ဒဏ်ရာမျိုးတွေနဲ့ ဆင်တူနေတယ်လို့ သုတေသန ရလဒ်တစ်ခုက ညွှန်ပြခဲ့ပါတယ်။

သတင်း

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။