Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ရခိုင်တွင် ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ယခုထက်ရန်လိုပါက ပိုးဆိုးသည့်ဆက်ဆံရေး ဖြစ်လာမည်ဟု AA သတိ​ပေး

စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း၊ လက်နက်ကြီးများ အရေအတွက် တိုးချဲ့ထားသကဲ့သို့ ရေငုတ်သင်္ဘောအပါအဝင် ရေတပ်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်နေသည်ကို အထင်အရှား တွေ့ရကြောင်း ၎င်းက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ်က တွေ့ရစဥ်
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ်က တွေ့ရစဥ်

▪️တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်ဟုဆို

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်သို့ စစ်ဆင် ရေးလုပ်ဆောင်ရန် ပြင်ဆင်နေပြီး ယခုထိရန်လိုသည့် အပြုအမူများ လုပ်ဆောင်လာပါက ပိုးဆိုးသည့်ဆက်ဆံရေး ဖြစ်လာမည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

AAနှင့် စစ်ကောင်စီတပ်သည် ၂၀၂၀ နိုဝင်ဘာတွင် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားခြင်းဖြစ်သည်။

လက်ရှိ အခြေအနေသည် ရခိုင်ပြည်ရှိ စစ်ရေးနိုင်ငံရေးအခြေအနေ သည် သေချာခိုင်မာပြီး စိတ်ချ၍ရသည့် အခြေအနေမဟုတ်သေးဘဲ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု အပေါ်မူတည်ပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သည့် အနေအထားရှိကြောင်း ဦးခိုင်သုခက ပြောသည်။

AA ​ပြော​ရေးဆိုခွင့်ရှိသူ သတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်
AA ​ပြော​ရေးဆိုခွင့်ရှိသူ သတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်

အလွတ်သဘော အပစ်အခတ်ရပ်စဲထားချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်သူများကို ငြိမ်းချမ်းရေးအသီးအပွင့် ခံစားခွင့်မပြုဘဲ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ကုန်သွယ်ကူးသန်းခွင့်ကို ပိတ်ပင်တားဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ULA ဦးဆောင်သည့် ရခိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ဆောင်ချက်များအပေါ် နည်းမျိုးစုံဖြင့် နှောက်ယှက်နေကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

“စကစ အစိုးရဘက်က ငြိမ်းချမ်းနေတဲ့ ရခိုင်ပြည်ကို နောက်ထက် စစ်ဆင်ရေး တစ်ခုကို ကြိုတင်ပြင်ဆင်နေတာကို တွေ့မြင်နေရတယ်”ဟု ဦးခိုင်သုခက ရခိုင်ဘာသာစကားဖြင့် ပြောကြားသည်။

စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း၊ လက်နက်ကြီးများ အရေအတွက် တိုးချဲ့ထားသကဲ့သို့ ရေငုတ်သင်္ဘောအပါအဝင် ရေတပ်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်နေသည်ကို အထင်အရှား တွေ့ရကြောင်း ၎င်းက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို ၂၀၁၇က တွေ့ရစဥ်
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို ၂၀၁၇က တွေ့ရစဥ်

အတိုင်းအထက်အလွန် ရန်လိုပြုမူမှုတိုးလာပါက ယခုထက် ပိုဆိုးသည့် ဆက်ဆံရေးအခြေအနေ တစ်ခုကို ရောက်လာနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်၌ စစ်ပွဲဖြစ်လာနိုင်လားဆိုသည့် မေးမြန်းမှုအပေါ် ဦးခိုင်သုခက ဖြေကြားရာတွင် လက်ရှိ အခြေ အနေကို နှစ်ဖက်ညှိနှိုင်းပြီး ပြေလည်အောင်ဖြေရှင်းနိုင်ရင် တိုက်ပွဲမဖြစ်နိုင်ဘဲပို၍ ဖိနှိပ်ပါက ၊ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာပါက ယခုထက်ဆိုးဝါးသည့် အခြေအနေရောက်လာနိုင်သည်ဟု ဖြေကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု