Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ အရှိန်မြှင့်တင်ရန် ကမ္ဘာ့နိုင်ငံများကို လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတိုက်တွန်း

မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ အရှိန်မြှင့်တင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet ကယမန်နေ့တွင် တိုက်တွန်းသည်။

(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet။ ။ဓါတ်ပုံ-UN)
(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet။ ။ဓါတ်ပုံ-UN)

၅၀ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ မြန်မာ့အရေးနှင့်ပတ်သက်၍ ပြောကြားသော မိန့်ခွန်း၌ မဟာမင်းကြီး Michelle Bachelet က ပြီးခဲ့သည့် ဖေဖော်ဝါရီ တွင် ပြောကြားခဲ့စဉ်ကတည်းကအတိုင်း မြန်မာနိုင်ငံအခြေအနေသည်ပိုမိုဆိုးရွားလာနေ ကြောင်းထည့်သွင်းပြောကြားသည်။

“စစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊အကျိုးအမြတ်တွေကိုပစ်မှတ်ထားတိုးမြှင့်ပိတ်ဆို့မှုတွေအပါအဝင်စစ်လက်နက်ပစ္စည်းတွေ၊ အထောက်အပံ့တွေ ငွေပေးချေမှုကို တားမြစ်ဖို့ စစ်တပ်ရဲ့ နိုင်ငံခြားငွေရရှိမယ့်ရင်းမြစ်တွေကို ကန့်သတ်ခြင်း အပါအဝင် ဖြစ်နိုင်သမျှသော နည်းလမ်းတွေနဲ့ အရေးယူရပါမယ်” ဟုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောသည်။

ထို့အပြင် မြန်မာစစ်တပ်ကျူးလွန်သော ဖြစ်ပွားနေဆဲနှင့် အတိတ်တွင်ဖြစ်ပွားခဲ့သည့် ဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေးကြိုးပမ်းမှုများကို ဆက်လက်အားပေးထောက်ခံကြရန်လည်း အဖွဲ့ဝင်နိုင်ငံများကိုမဟာမင်းကြီးကတောင်းဆိုသည်။

အာဏာသိမ်းမှုနှင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် နိုင်ငံတကာအသိုင်းအဝန်း၏ ချဉ်းကပ်မှုသည် ကျရှုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံများသည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူ သားချင်းစာနာမှုအကျပ်အတည်းများကို ချက်ချင်းညီညွတ်စွာဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကလည်းတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတကာ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

သတင်း

မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်ထဲက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် အခြေစိုက်ပြီး တရုတ်နဲ့ နယ်စပ်နားမှာ တည်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။