Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ အရှိန်မြှင့်တင်ရန် ကမ္ဘာ့နိုင်ငံများကို လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတိုက်တွန်း

မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများ အရှိန်မြှင့်တင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet ကယမန်နေ့တွင် တိုက်တွန်းသည်။

(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet။ ။ဓါတ်ပုံ-UN)
(ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet။ ။ဓါတ်ပုံ-UN)

၅၀ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ မြန်မာ့အရေးနှင့်ပတ်သက်၍ ပြောကြားသော မိန့်ခွန်း၌ မဟာမင်းကြီး Michelle Bachelet က ပြီးခဲ့သည့် ဖေဖော်ဝါရီ တွင် ပြောကြားခဲ့စဉ်ကတည်းကအတိုင်း မြန်မာနိုင်ငံအခြေအနေသည်ပိုမိုဆိုးရွားလာနေ ကြောင်းထည့်သွင်းပြောကြားသည်။

“စစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊အကျိုးအမြတ်တွေကိုပစ်မှတ်ထားတိုးမြှင့်ပိတ်ဆို့မှုတွေအပါအဝင်စစ်လက်နက်ပစ္စည်းတွေ၊ အထောက်အပံ့တွေ ငွေပေးချေမှုကို တားမြစ်ဖို့ စစ်တပ်ရဲ့ နိုင်ငံခြားငွေရရှိမယ့်ရင်းမြစ်တွေကို ကန့်သတ်ခြင်း အပါအဝင် ဖြစ်နိုင်သမျှသော နည်းလမ်းတွေနဲ့ အရေးယူရပါမယ်” ဟုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောသည်။

ထို့အပြင် မြန်မာစစ်တပ်ကျူးလွန်သော ဖြစ်ပွားနေဆဲနှင့် အတိတ်တွင်ဖြစ်ပွားခဲ့သည့် ဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေးကြိုးပမ်းမှုများကို ဆက်လက်အားပေးထောက်ခံကြရန်လည်း အဖွဲ့ဝင်နိုင်ငံများကိုမဟာမင်းကြီးကတောင်းဆိုသည်။

အာဏာသိမ်းမှုနှင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် နိုင်ငံတကာအသိုင်းအဝန်း၏ ချဉ်းကပ်မှုသည် ကျရှုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံများသည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူ သားချင်းစာနာမှုအကျပ်အတည်းများကို ချက်ချင်းညီညွတ်စွာဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကလည်းတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။