Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေတပ်ကို ထောက်ပံ့တဲ့ မြန်မာနဲ့ ရုရှား ကုမ္ပဏီ ခြောက်ခု ကို ဗြိတိန်အစိုးရ ပိတ်ဆို့အရေးယူ

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

စစ်ကောင်စီလေတပ်
စစ်ကောင်စီလေတပ်

စစ်ကောင်စီရဲ့လေတပ်ကို လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့ ပြုပြင်ထိန်းသိမ်းရေးလုပ်နေတဲ့ မြန်မာ ကုမ္ပဏီ သုံး ခုကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူလိုက်တယ်လို့ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့တာ ၊ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့တယ်လို့ ဗြိတိန်အစိုးရက ဆိုထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်အတွက် လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့ရာမှာပါဝင်ပတ်သက်နေတဲ့ ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့လိုက်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုဒဏ်ခတ်အရေးယူမှုအသစ်တွေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International ရဲ့ အစီရင်ခံစာ ထုတ်ပြီး သိပ်မကြာခင်မှာပဲ လုပ်ဆောင်တာလို့ ရှင်းပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

အာဏာသိမ်းစစ်ကောင်စီကိုကန့်သတ်တာနဲ့အတူ ပူတင်ရဲ့ စစ်ယန္တယားဆီ စီးဆင်းသွားနိုင်မယ့် ဝင်ငွေကိုပစ်မှတ်ထားကာ မြန်မာနဲ့ ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမယ်လို့ ဗြိတိန်အစိုးရက ကတိကဝတ်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။