Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး – မြင်းမူလမ်းပိုင်းတွင် မိုင်းဆင်းရှာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၀ဦးသေဟုဆို

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

(အောင်ပွဲနှင့်ပြန်လာသော MSPDFတပ်ဖွဲ့ဝင်များကို ပြည်သူများက ကြိုဆိုနေကြစဥ် - ပုံဟောင်းကို အသုံးပြုထားပါသည်။)
(အောင်ပွဲနှင့်ပြန်လာသော MSPDFတပ်ဖွဲ့ဝင်များကို ပြည်သူများက ကြိုဆိုနေကြစဥ် - ပုံဟောင်းကို အသုံးပြုထားပါသည်။)

ချောင်းဦး – မြင်းမူလမ်းပိုင်းတွင် ကားပေါ်မှဆင်းပြီး မိုင်းရှာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)MSPDFက ယနေ့(ဇွန် ၁၆) ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁၂နာရီခန့်က မန္တလေးမှထွက်လာသော စစ်ကောင်စီတပ်မှ စစ်ကားငါးစီး သည် ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာတွင် ကားရပ်ပြီး လမ်းဆင်းလျှောက်ကာမိုင်းရှာစဥ် ညီနောင်မဟာမိတ်အဖွဲ့မှ ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ် ရင်း (၄)MSPDF ၊ ဗိုလ်နေတိုးပြောက်ကျားအထူးအဖွဲ့၊ Natogyi Regional Defence Force ၊ Burmese Guerrilla Force စသည့် ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။