Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း

အာဆီယံအမွေအနှစ်နှင့်သမိုင်း(ASEAN Heritage & History)ဖေ့စ်ဘွတ်စာမျက်နှာကလည်း ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ယမန်နေ့ညနှင့် ယနေ့ နံ နက်တွင် နှစ်ကြိမ်ဆုမွန်ကောင်းတောင်းပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း

လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆုမွန်ကောင်းတောင်းသည်။

“ချစ်ခင်ရတဲ့ဒေါ်အောင်ဆန်းစုကြည်အတွက် ပျော်ရွှင်ဖွယ် ၇၇ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေလည်း ပြည့်၀ပါစေ” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်နန်က ၎င်း၏လူမှုကွန်ရက်၌ ရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့သွားရောက်ခဲ့စဉ် နိုင်ငံခြားရေးဝန်ကြီးဘလာခရစ်နန်က ၎င်း၏နေအိမ်၌ ညစာဖြင့်တည်းခင်းဧည့်ခံခဲ့ပြီး ၎င်း၏ ဇနီး နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တို့ ရိုက်ကူးထားသော အမှတ်တရဓာတ်ပုံဖြင့် ဆုမွန်ကောင်းတောင်း ထားခြင်းဖြစ်သည်။

အာဆီယံအမွေအနှစ်နှင့်သမိုင်း(ASEAN Heritage & History)ဖေ့စ်ဘွတ်စာမျက်နှာကလည်း ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ယမန်နေ့ညနှင့် ယနေ့ နံ နက်တွင် နှစ်ကြိမ်ဆုမွန်ကောင်းတောင်းပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များ ပြုံးပျော်ရွှင် နေသောဓာတ်ပုံများဖြင့် ဓာတ်ပုံတစ်ပုံက စကားလုံးပေါင်း ထောင်သောင်းမက ပြောပြနေသည်ကို သင်ယုံကြည်ပါသလား စာသားအပြင် မြန်မာပြည်သူများ၏ မျှော်လင့်ချက်နှင့်အလင်းရောင်၊ နိုင်ငံ့မိခင် စာသားများကိုလည်း ရေးသားဖော်ပြထားသည်။

ထိုသို့ ဒေသတွင်းခေါင်းဆောင်အချို့၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုမွန်ကောင်းတောင်း ထားမှုအပေါ် နိုင်ငံ​ရေးသမားတစ်ဦးက“မြန်မာ့အရေးအတွက်အာဆီယံခေါင်းဆောင်တွေကြားမှာ အမြင်တွေကိုယ်စီရှိနေတယ်။ စကစ မည်သို့ပင်မတရားစွပ်စွဲ အကျဉ်းချထားတဲ့ခေါင်းဆောင်တွေအပေါ် စကစကိုဆန့်ကျင်ပြီး တန်ဖိုးထားကြောင်းပြတယ်။စကစ မတရားစွပ်စွဲတာသာဖြစ်တယ် ဆိုတာရော ဒီခေါင်းဆောင်တွေရဲ့အရေးပါမှုကိုရောညွှန်ပြတဲ့သဘောပဲ” ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။