Connect with us

Hi, what are you looking for?

သတင်း

မုတ်သုန်လေအားကောင်းနိုင်လို့ ဒေသအချို့မြစ်ရေ သတိပေး

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှတော့ာ ရက်ခြားမိုးတွေ ဆက်လက်ရနိုင်ပြီး နေပြည်တော်၊ မကွေးတိုင်းတွေမှာ နေရာကွက်မိုးကြီးနိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မွန်ပြည်နယ်ဒေသတချို့တွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းချက်မှာဖော်ပြထားပါတယ်။

မုတ်သုန်လေအားကောင်းနိုင်လို့ ဒေသအချို့မြစ်ရေ သတိပေး
မုတ်သုန်လေအားကောင်းနိုင်လို့ ဒေသအချို့မြစ်ရေ သတိပေး

အခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာ မုတ်သုံလေအားကောင်းနိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်း၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသ(စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်)တွေမှာ မိုးသည်ထန်နိုင်ပြီး ဧရာ၀တီ၊ ချင်းတွင်းနဲ့ သံလွင်မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

အခုတစ်ပတ် ဇွန် ၂၀ ကနေ ၂၆ ရက်အတွင်း မုတ်သုံလေအင်အားဟာ ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာ အားကောင်းလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်မှာတော့ အားအသင့်အတင့်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

မုတ်သုန်လေအားကောင်းနိုင်လို့ ဒေသအချို့မြစ်ရေ သတိပေး
မုတ်သုန်လေအားကောင်းနိုင်လို့ ဒေသအချို့မြစ်ရေ သတိပေး

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှတော့ာ ရက်ခြားမိုးတွေ ဆက်လက်ရနိုင်ပြီး နေပြည်တော်၊ မကွေးတိုင်းတွေမှာ နေရာကွက်မိုးကြီးနိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မွန်ပြည်နယ်ဒေသတချို့တွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနရဲ့ခန့်မှန်းချက်အရ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဧရာ၀တီမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်ရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို့ မနေ့က ခန့်မှန်းထားကာ ဒီကနေ့ထပ်မံတိုင်းထွာချက်အရ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိဖို့ ၁ ပေကျော်ကျော်သာလိုတော့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ ဧရာ၀တီမြစ်ရေတက်လာလို့ ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ရွှေကူမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေဝင်ရောက်နေပြီး ရေဘေးသင့်သူပြည်သူလူထုတွေကို မီးသတ်နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

သတင်း

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၄ သန်းလောက်ထိ ရှိရာမှာ ၄၀ ရာခိုင်နှုန်း နီးပါးက အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီသည် မကွေးလေတပ်၊ ပုသိမ်လေတပ်၊ မိတ္တီလာလေတပ်တို့ကို အသုံးပြု၍ ချင်းပြည်နယ်သို့ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်။