Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်ခုခံတော်လှန်နေသည့် ကရင်နီလူထုများကို လေးစားဂုဏ်ယူကြောင်း NUG နှင့် KNUသဝဏ်လွှာပို့

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်နီပြည်သူ လူထု၏ ကြိုးပမ်း အားထုတ်မှုများလျင်မြန်စွာ ပြီး မြောက်အောင်မြင်နိုင်ပါစေကြောင်း NUGက သဝဏ်လွှာပေးပိုပသည်။

NUG
NUG

▪️နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု ဖော်ပြ

အာဏာသိမ်းစစ်ကောင်စီကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်ခုခံ တော်လှန်လျက်ရှိကြသည့် ကရင်နီလူထု၏တိုက်ပွဲဝင်နေမှုကို လေးစားဂုဏ်ယူအသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)တို့က ကရင်နီအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ သည်။

NUG
NUG

ယနေ့ ကျရောက်သည့် (၁၄၇)နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သဝဏ်လွှာပေးပို့ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာလုယူရန် ကြိုးပမ်းမှုကို ကရင်နီ ပြည်သူ လူထုတစ်ရပ်လုံးက နည်းလမ်းပေါင်းစုံဖြင့် မဆုတ်မနစ်သော စွန့်လွတ်စွန့်စား၊ ဇွဲလုံ့လများဖြင့် ဆန့်ကျင်ခုခံ တော်လှန်လျက်ရှိကြသည်ကို တွေ့ရှိရသည့်အတွက်လည်း များစွာ လေးစားဂုဏ်ယူရကြောင်း ဖော်ပြသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်နီပြည်သူ လူထု၏ ကြိုးပမ်း အားထုတ်မှုများလျင်မြန်စွာ ပြီး မြောက်အောင်မြင်နိုင်ပါစေကြောင်း NUGက သဝဏ်လွှာပေးပိုပသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာရပ်တည်၍ ယခုဆင်နွှဲ နေသည့်နွေဦးတော်လှန်ရေး ပြီးမြောက် အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNUက ပေးပို့သည့် သဝဏ်လွှာတွင် ကရင်နီအမျိုးသားများ၏ သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက်ခံစားတွေ့ကြုံ ဖြတ်ကျော်လာခဲ့ရသည့် ဘ၀အခက်အခဲများသည် ကရင်အမျိုးသားသမိုင်းကြောင်းနှင့် မကွာလှကြောင်း ဖော်ပြထားသည်။

စစ်တပ်က မတရားအာဏာသိမ်းယူသည့် အချိန်မှစ၍ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက်ပါဝင်ခဲ့ကြသည့် ကရင်နီ အမျိုးသားများ ကရင်နီလူငယ် အမျိုးသမီးများ ၊ ဖိနှိပ်ခံ ဘ၀တူတိုင်းရင်းသားတို့နှင့်အတူ မလျှော့သောဇွဲနှင့် အမှန်တရားဘက်သို့ ရပ်တည်ကာ ယနေ့တိုင် အောင် ဆက်လက်ပြီး တိုက်ပွဲဝင်နေမှုကို KNU အနေဖြင့် လေးစား အသိအမှတ်ပြု ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့သည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်သည်အထိ အတူတကွ ဆက်လက်လက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNU ၏ သဝဏ်လွှာ၌ ပါရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ