စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းပိုင်းအချို့အား ယာယီပိတ်ထားကြောင်း Salingyi GZ Local PDFအဖွဲ့က အသိပေးကြေညာသည်။
ယနေ့(ဇွန်လ ၂၁ ရက်)မှစ၍ ညောင်ပင်ကြီး – ဆားလင်းကြီးလမ်း၊ ဆားလင်းကြီး – ပေါင်းဝလမ်း၊ မုံရွာ – ပုသိမ်လမ်းပိုင်းများကို အရေးပေါ်အခြေအနေအရ လမ်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း Salingyi GZ Local PDFက အသိပေးသည်။
အများပြည်သူများ အသက်အန္တရာယ်မထိခိုက်စေလိုသောကြောင့် မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် လမ်းပြန်ဖွင့်မည်အချိန်အား ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ပြည်သူများအထူးသတိထားနေထိုင်ကြရန် Salingyi GZ Local PDFက သတိပေးသည်။
လမ်းပိုင်းခေတ္တပိတ်ရခြင်းနှင့်ပတ်သက်၍ Salingyi GZ Local PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement
အဆိုပါလမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။
ယနေ့နံနက် ၇ နာရီခန့်က ဝမ်ပေါင်ဆိုက်အတွင်းမှအကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်မြောက်ရွာက လူငယ်နှစ်ဦး၊ ဖေါင်းကားတောင်ရွာမှ လူငယ်နှစ်ဦးကို ဖမ်းဆီးထားကြောင်း၊ ၎င်းတို့သည် အင်အား၂၂ဦး ပါဝင်ပြီး RPG ၂လက်လည်းပါကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။


















































