Connect with us

Hi, what are you looking for?

သတင်း

မြန်မာနှင့် ရုရှားပူးတွဲကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဩစတြေးလျသပိတ်မှောက်

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

(၂၀၂၁က ပြုလုပ်သည့်​ဆွေး​နွေးပွဲအား ​တွေ့ရစဥ်)
(၂၀၂၁က ပြုလုပ်သည့်​ဆွေး​နွေးပွဲအား ​တွေ့ရစဥ်)

အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာနှင့် ရုရှားပူးတွဲကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့်မိတ်ဖက်နိုင်ငံများအစည်းအဝေးကို ဩစတြေးလျက သပိတ်မှောက်ခဲ့သည့်အပေါ် ကြို ဆိုကြောင်း Justice for Myanmar က ယနေ့ထုတ်ပြန်သည်။

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

အထက်ပါနိုင်ငံများ၏ ပါဝင်မှုသည် အပြည့်အ၀ အပြစ်ပေးခြင်းမှကင်းလွတ်ခွင့်ရနေခြင်းနှင့်အတူ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုများကျူးလွန်နေဆဲ မြန်မာစစ် တပ်ကို အားပေးအားမြှောက်ပြုခြင်းဖြစ်လာစေနိုင်ကြောင်း JFM က သုံးသပ်သည်။

ထို့အတွက် ဩစတြေးလျနှင့် အခြားသော အာဆီယံဆွေးနွေးဘက်နိုင်ငံများသည် မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို အစည်းအဝေးနှင့် အခမ်းအနားအားလုံးသို့ ဖိတ်ကြားနေမှုအား ရပ်တန့်ရန် အာဆီယံကို တွန်းအား ပေးရမည်ဖြစ်ပြီး စစ်ကောင်စီပါဝင်သည့် အစည်းအဝေးများကို သပိတ်မှောက်ရမည်ဟု JFM က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

တဖက်တွင် ဩစတြေးလျသည် မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် အကြမ်းဖက်မှုများကိုတုံ့ပြန်ရန် မည်သည့်အရေးယူပိတ်ဆို့မှုကိုမျှ လုပ်ဆောင်ထားခြင်းမရှိ သေးပေ။

မြန်မာစစ်တပ်နှင့် ၎င်း၏ စီးပွားရေးအကျိုးအမြတ်များကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန် ဩစတြေးလျအစိုးရကို JFM က တိုက်တွန်းသည်။

“မြန်မာစစ်အုပ်စုကို ဖျက်သိမ်းပစ်ရမည်”ဟု JFM က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

Facebook