Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနှင့် ရုရှားပူးတွဲကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဩစတြေးလျသပိတ်မှောက်

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

(၂၀၂၁က ပြုလုပ်သည့်​ဆွေး​နွေးပွဲအား ​တွေ့ရစဥ်)
(၂၀၂၁က ပြုလုပ်သည့်​ဆွေး​နွေးပွဲအား ​တွေ့ရစဥ်)

အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာနှင့် ရုရှားပူးတွဲကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့်မိတ်ဖက်နိုင်ငံများအစည်းအဝေးကို ဩစတြေးလျက သပိတ်မှောက်ခဲ့သည့်အပေါ် ကြို ဆိုကြောင်း Justice for Myanmar က ယနေ့ထုတ်ပြန်သည်။

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

အထက်ပါနိုင်ငံများ၏ ပါဝင်မှုသည် အပြည့်အ၀ အပြစ်ပေးခြင်းမှကင်းလွတ်ခွင့်ရနေခြင်းနှင့်အတူ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုများကျူးလွန်နေဆဲ မြန်မာစစ် တပ်ကို အားပေးအားမြှောက်ပြုခြင်းဖြစ်လာစေနိုင်ကြောင်း JFM က သုံးသပ်သည်။

ထို့အတွက် ဩစတြေးလျနှင့် အခြားသော အာဆီယံဆွေးနွေးဘက်နိုင်ငံများသည် မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို အစည်းအဝေးနှင့် အခမ်းအနားအားလုံးသို့ ဖိတ်ကြားနေမှုအား ရပ်တန့်ရန် အာဆီယံကို တွန်းအား ပေးရမည်ဖြစ်ပြီး စစ်ကောင်စီပါဝင်သည့် အစည်းအဝေးများကို သပိတ်မှောက်ရမည်ဟု JFM က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

တဖက်တွင် ဩစတြေးလျသည် မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် အကြမ်းဖက်မှုများကိုတုံ့ပြန်ရန် မည်သည့်အရေးယူပိတ်ဆို့မှုကိုမျှ လုပ်ဆောင်ထားခြင်းမရှိ သေးပေ။

မြန်မာစစ်တပ်နှင့် ၎င်း၏ စီးပွားရေးအကျိုးအမြတ်များကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန် ဩစတြေးလျအစိုးရကို JFM က တိုက်တွန်းသည်။

“မြန်မာစစ်အုပ်စုကို ဖျက်သိမ်းပစ်ရမည်”ဟု JFM က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။