Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းရှိ လေးကေတပ်စခန်းကို KNU/PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

Black Warriors Force(PDF)
Black Warriors Force(PDF)

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုး သားအစည်းအရုံး(KNU) လက်အောက်ခံ တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း အဖွဲ့က သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိခဲ့သည်ဟု Black Warriors Force(PDF)က သတင်းထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားများကာကွယ် ရေးတပ်(KNDO)နှင့် BWF(PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက ဘီးလင်းမြို့နယ်ရှိ လေးကေတပ်စခန်းကို ဇွန်လ ၂၂ရက်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ လေးဦထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်