Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းကိုယနေ့နံနက်ပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် PDF သတိ​ပေး

ယနေ့နံနက် ၆နာရီခန့်က ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်များ လိုက်ပါလာသော ကားလေးစီးသည် မုံရွာ-မန္တလေးလမ်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများတွင် ကင်းပုန်းပတ်ချခဲ့သည်။

(မုံရွာ-မန္တ​လေးလမ်းကို Google Map တွင်​တွေ့ရပုံ)
(မုံရွာ-မန္တ​လေးလမ်းကို Google Map တွင်​တွေ့ရပုံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန် Moe Nyo Revolution Force က သတိပေးကြေညာသည်။

ယနေ့(ဇွန်လ၂၅ရက်နေ့)နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ-မန္တလေးလမ်းမကြီး၊စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်း မလုပ်ကြရန် Moe Nyo Revolution က အသိပေးသည်။

သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်း Moe NyoRevolution Forceက သတိပေးသည်။

“ပြည်သူများအတွက် အန္တရာယ်များ လို့ယာယီပိတ်ထားတာပါ။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၆နာရီခန့်က ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်များ လိုက်ပါလာသော ကားလေးစီးသည် မုံရွာ-မန္တလေးလမ်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများတွင် ကင်းပုန်းပတ်ချခဲ့သည်။

ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာ ကားလမ်းဘေးများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းပုန်းချထားကြောင်း၊ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ရွှေဂူဘုန်းကြီးကျောင်းတွင်းရှိ အကြမ်းဖက်စစ်တပ်သည်လည်း အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာကြား ကင်းပုန်းဝပ်ရန်ထွက်သွားကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ယ​နေ့စစ်​ကောင်စီတပ်ကကင်းပုန်းဝပ်နေသောနေရာများအပါအဝင်မုံရွာ-မန္တလေးလမ်းမကြီးတစ်လျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များလိုက်ပါလာသောယာဥ်များအား ​ဒေသခံPDF များကမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook