Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းကိုယနေ့နံနက်ပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် PDF သတိ​ပေး

ယနေ့နံနက် ၆နာရီခန့်က ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်များ လိုက်ပါလာသော ကားလေးစီးသည် မုံရွာ-မန္တလေးလမ်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများတွင် ကင်းပုန်းပတ်ချခဲ့သည်။

(မုံရွာ-မန္တ​လေးလမ်းကို Google Map တွင်​တွေ့ရပုံ)
(မုံရွာ-မန္တ​လေးလမ်းကို Google Map တွင်​တွေ့ရပုံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန် Moe Nyo Revolution Force က သတိပေးကြေညာသည်။

ယနေ့(ဇွန်လ၂၅ရက်နေ့)နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ-မန္တလေးလမ်းမကြီး၊စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်း မလုပ်ကြရန် Moe Nyo Revolution က အသိပေးသည်။

သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်း Moe NyoRevolution Forceက သတိပေးသည်။

“ပြည်သူများအတွက် အန္တရာယ်များ လို့ယာယီပိတ်ထားတာပါ။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၆နာရီခန့်က ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်များ လိုက်ပါလာသော ကားလေးစီးသည် မုံရွာ-မန္တလေးလမ်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများတွင် ကင်းပုန်းပတ်ချခဲ့သည်။

ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာ ကားလမ်းဘေးများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းပုန်းချထားကြောင်း၊ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ရွှေဂူဘုန်းကြီးကျောင်းတွင်းရှိ အကြမ်းဖက်စစ်တပ်သည်လည်း အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာကြား ကင်းပုန်းဝပ်ရန်ထွက်သွားကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ယ​နေ့စစ်​ကောင်စီတပ်ကကင်းပုန်းဝပ်နေသောနေရာများအပါအဝင်မုံရွာ-မန္တလေးလမ်းမကြီးတစ်လျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များလိုက်ပါလာသောယာဥ်များအား ​ဒေသခံPDF များကမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။