Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများဆောင်ရွက်ရန် G7ထိပ်သီးခုနှစ်နိုင်ငံကို NUGတိုက်တွန်း

ယမန်နှစ်တွင် ဗြိတိန်၌ ကျင်းပခဲ့သော G7အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေကြောင်း NUGက ထောက်ပြသည်။

G7ထိပ်သီးခုနှစ်နိုင်ငံ
G7ထိပ်သီးခုနှစ်နိုင်ငံ

ကမ္ဘာ့စက်မှုထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)က အကြမ်းဖက်စစ်ကောင်စီအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများဆောင်ရွက်ရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် တိုက်တွန်းထုတ် ပြန်သည်။

ဂျာမနီ၌ ကျင်းပနေသော G7 အစည်းအဝေးတွင် ယမန်နှစ်တွင် ကတိကဝတ်ပြုခဲ့သည့် ‘ထပ်တိုး အစီအမံ’များ အရေးယူဆောင်ရွက်ရန်ကို လက်တွေ့အကောင်အထည်ဖော်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

ယမန်နှစ်တွင် ဗြိတိန်၌ ကျင်းပခဲ့သော G7အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေကြောင်း NUGက ထောက်ပြသည်။

ထို့အတွက် လက်ရှိကျင်းပနေဆဲ အစည်းအဝေး၌ G7 အဖွဲ့ဝင်နိုင်ငံများနှင့် ဖိတ်ကြားထားသူများ အားလုံးကို တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေရသော ကြီးမားလှသည့် လူသားချင်းစာနာမှုထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုးများအပေါ် အထူးအလေးအနက်ထား ဆွေးနွေးဆောင်ရွက်ပေးရန် NUGက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် G7သည် အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံခြားငွေများ စီးဆင်းနေမှုကို ကန့်သတ်ရန်အတွက် နောက်ထပ်အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်သည့် အခွင့်အာဏာလည်းရှိပြီး စစ်အုပ်စု ၏ လူသတ်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့ပေးနေသည့် ရုရှားနှင့် အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမည်ဟု ဆက်လက်တိုက် တွန်းသည်။

အကြမ်းဖက်စစ်အုပ်စု၏လက်အောက်မှ မြန်မာပြည်သူများ လွတ်လပ်မှုရရှိရန် ကြိုးပမ်းနေမှုများကို ပံ့ပိုးကူညီပေးရန် NUGက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။