Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများဆောင်ရွက်ရန် G7ထိပ်သီးခုနှစ်နိုင်ငံကို NUGတိုက်တွန်း

ယမန်နှစ်တွင် ဗြိတိန်၌ ကျင်းပခဲ့သော G7အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေကြောင်း NUGက ထောက်ပြသည်။

G7ထိပ်သီးခုနှစ်နိုင်ငံ
G7ထိပ်သီးခုနှစ်နိုင်ငံ

ကမ္ဘာ့စက်မှုထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)က အကြမ်းဖက်စစ်ကောင်စီအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများဆောင်ရွက်ရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် တိုက်တွန်းထုတ် ပြန်သည်။

ဂျာမနီ၌ ကျင်းပနေသော G7 အစည်းအဝေးတွင် ယမန်နှစ်တွင် ကတိကဝတ်ပြုခဲ့သည့် ‘ထပ်တိုး အစီအမံ’များ အရေးယူဆောင်ရွက်ရန်ကို လက်တွေ့အကောင်အထည်ဖော်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

ယမန်နှစ်တွင် ဗြိတိန်၌ ကျင်းပခဲ့သော G7အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေကြောင်း NUGက ထောက်ပြသည်။

ထို့အတွက် လက်ရှိကျင်းပနေဆဲ အစည်းအဝေး၌ G7 အဖွဲ့ဝင်နိုင်ငံများနှင့် ဖိတ်ကြားထားသူများ အားလုံးကို တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေရသော ကြီးမားလှသည့် လူသားချင်းစာနာမှုထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုးများအပေါ် အထူးအလေးအနက်ထား ဆွေးနွေးဆောင်ရွက်ပေးရန် NUGက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် G7သည် အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံခြားငွေများ စီးဆင်းနေမှုကို ကန့်သတ်ရန်အတွက် နောက်ထပ်အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်သည့် အခွင့်အာဏာလည်းရှိပြီး စစ်အုပ်စု ၏ လူသတ်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့ပေးနေသည့် ရုရှားနှင့် အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမည်ဟု ဆက်လက်တိုက် တွန်းသည်။

အကြမ်းဖက်စစ်အုပ်စု၏လက်အောက်မှ မြန်မာပြည်သူများ လွတ်လပ်မှုရရှိရန် ကြိုးပမ်းနေမှုများကို ပံ့ပိုးကူညီပေးရန် NUGက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။